Lisa's Povနှစ်ရက်တောင် ကုန်သွားပြီ ...နှစ်ရက်အတွင်းမှာ Rosieကို လွမ်းတာကလွဲလို့ ငါ ဘာမှမလုပ်ရသေးဘူး ....
Rosieဆီကို လက်ဗလာနဲ့ပြန်ရမှာကို တွေးကြည့်တာ အတွေးနဲ့တင် တော်တော်ဆိုးဝါးတာဘဲ
ငါ သူ့အနားမရှိနေချိန် သူတစ်ခုခုဖြစ်မှာကိုလည်း စိတ်ပူနေမိတယ်
ပဲရစ်မှာ ဘာမှရှာမတွေ့ဘဲ နာရီ အတော်ကြာထိ လျှောက်သွားနေမိတယ်
Eleanor Parkကိုတော့ အရိပ်အယောင်တောင် ရှာမတွေ့ပေ
Rosieက သူအိပ်ရာက နိုးလာရင် ငါ့ဆီ ဖုန်းခေါ်တယ် ဖုန်းပြောအလွမ်းသယ်နေတဲ့အချိန် Eleanor အကြောင်း brain tumor အကြောင်း မပြောမိအောင် ငါတို့ ကြိုးစားနေကြတယ်
Rosieနဲ့ သာမန်ဘဝမှာ ငါ နေထိုင်ဖြတ်သန်းချင်မိတယ် Rosieလည်း ငါ့လိုဘဲ ဖြစ်နေမှာပါ
နှင်းဆီပန်းတွေပြည့်နေတဲ့ ဥယျာဥ်အကြောင်း သူငါ့ကို ပြောပြတယ် ရာသီဥတုသာယာတဲ့အခါ နှင်းဆီပန်းတွေ စိုက်ပြီး ခြံနောက်စိုက်ခင်းက စတော်ဘယ်ရီတွေကိုလည်း သူ ခူးစွပ်ချင်ကြောင်း ပြောပြတယ်
ငါတို့ ကလေးတွေ ရလာတဲ့အခါ အိမ်နောက်ဖေးမှာ ရေကူးကန်ဆောက်ကြမယ့်အကြောင်း ကမ္ဘာအနှံ့ခရီးတွေ ထွက်ကြမယ့်အကြောင်းတွေကို ကြည်ကြည်နူးနူး ပြောနေမိကြတယ်
ငါတို့ဖြစ်ချင်တာတွေ တကယ်ဖြစ်လာပါ့မလား မသိဘူး
ညရောက်တဲ့အခါမှာတော့ ဟိုတယ်ဘေးနားက Barကို ငါထွက်လာခဲ့တယ် ပုံမှန်ဆိုရင် ငါက အရက်အများကြီး သောက်တတ်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး
ဒါပေမယ့် Rosieကို လွမ်းတဲ့စိတ်တွေရယ် သူ့ကို မကယ်နိုင်ဘဲ ဆုံးရှုံးလိုက်ရရင် ဘယ်လိုနေမလည်းဆိုတဲ့ စိုးရိမ်စိတ်က ငါ့ကိုသတ်နေလို့ ငါ အရက်သုံးခွက်ကျော်လောက် သောက်မိသွားတယ်
လေးခွက်မြောက်မှာတော့ ယောက်ျားတစ်ယောက် ငါ့ဘေးရောက်လာပြီး အရက်လာသောက်တယ်
ပုံမှန်ဆိုရင် ဒီလူ စကားများနေတာကို ငါဂရုမစိုက်တတ်ပေမယ့် အခု ငါ့စိတ်တွေရှုပ်ထွေးနေတာကို ဒီလူက ပိုဆိုးအောင် လုပ်နေသလိုဘဲ