#unicode
Lisa's POV
တောင်ကုန်းပေါ်မှာ Roseanneနဲ့ ငါ ကားနောက်ခန်းထဲ တစ်ညအိပ်ပြီးနောက်မှာတော့ Roseanneကို ငါအိမ်ပြန်ပို့ပေးခဲ့တယ်
ခံစားချက်က အထက်တန်းကျောင်းသူတွေ ရည်းစားထားပြီး ပြန်လိုက်ပို့ပေးတဲ့အတိုင်းဘဲ
ဒီနေ့တော့ ရေမကူးတော့ဘဲ အိမ်ပြန်ပြီးအနားယူဖို့ဘဲ စဥ်းစားမိသည်
ပြီးတော့ Tumorကို ဘယ်လိုကုသရမလည်းဆိုတာ တွေးတောစိတ်ပူနေမိသေးတယ်...
Roseanneနဲ့တစ်ညအတူတူအိပ်ပြီး အခု ငါအခုထပ်သိရတာက Roseanneကို မဆုံးရှုံးချင်ဘူး
အိမ်ကိုရောက်တော့ တံခါးကိုဖွင့်ပြီး အထဲဝင်လိုက်သောအခါ Annaကို တွေ့လိုက်ရသည်
Annaက ဧည့်ခန်းမှာ ထိုင်နေပြီး အိမ်ထဲကို ဝင်လာတဲ့ ဖောက်ပြန်တဲ့ မိန်းမကိုကြည့်နေတဲ့ အကြည့်နဲ့ ငါ့ကိုကြည့်နေသည်
"မနေ့က အင်းကို ငါသွားခဲ့သေးတယ် အင်းကို မလာခင် ဒီကိုရောက်လာသေးတယ် ငါပြန်တောင်းပန်ပြီး ငါတို့အဆင်ပြေအောင် ပြန်လုပ်ကြမလားလို့လေ ဒါပေမယ့် နင်က ဒီအိမ်မှာ မရှိဘူး အဲ့တာမို့လို့ ငါ အင်းဘက်ကို ထွက်လာခဲ့တာ.."
"အင်း ဟုတ်တယ် "
"ဒီတော့ နင် အင်းကို တစ်ယောက်ယောက်ခေါ်သွားတယ်ပေါ့ ဒါပေမယ့် နင်ငါ့ကိုတော့ ခေါ်မသွားဖူးဘူးနော် "
"နင်ကလည်း အင်းကိုသွားချင်တယ်လို့ ငါ့ကို မပြောဖူးဘူးလေ "
"နင်ကရော ငါ့ကို မေးခဲ့လား... ငါကတော့ နင်နဲ့ ပြန်အဆင်ပြေဖို့ ကြိုးစားနေတာ နင်ကတော့ အဲ့မိန်းကလေး အတွက်နဲ့ ငါ့ကို ကန်ထုတ်ခဲ့တာ.....အဲ့မိန်းကလေးနဲ့ကျ အင်းမှာအတူနေခဲ့တယ်ပေါ့ ဟုတ်လား "
"အဲ့လိုမဟုတ်ဘူး "
"ဒါဆို ဘာလည်း Lisa..."
Annaက ထရပ်ပြီး ငါ့ကို အော်လိုက်တယ်
"ငါက.... ငါသိသွားတာက နင်က တစ်ခြားသူကို စိတ်ဝင်စားနေတာ...ဘယ်လိုဖြစ်လို့လည်း Lisa ပြောစမ်းပါအုံး သူနဲ့ဘယ်လိုသိတာလည်း "
"သူနဲ့သိတာ ကြာနေပြီ ပြီးတော့ သူက အသက်ရှင်ဖို့ သိပ်မကျန်တော့ဘူးရယ် ဒါကြောင့်မို့ သူအသက်ရှင်နေနိုင်တုံး သူနဲ့အတူ..."