Part 25

450 73 8
                                    

#unicode

Roseanne's Pov

"Lisa နင်သိလား အမေနဲ့ ငါကလည်း သိပ်အဆင်မပြေဘူးရယ်.... အင်း အမေက ငါ့ကိုမယုံခဲ့တာလည်းရှိတယ်..."

ကျွန်မ ဆက်ပြီး ပြောသင့်မပြောသင့် တွေဝေနေတုန်း Lisaက ကျွန်မရဲ့ လက်ကို လာကိုင်သည်

"အဆင်ပြေပါတယ် Roseanne "

"အမေက ငါလူသတ်ခဲ့တယ် ထင်နေတာ ...."

"ဟင် "

"Ashley ..ငါတို့ အိမ်နားက ကောင်မလေး မသေခင်က အမေတို့ကို ငါပြောခဲ့တယ် ...မနေ့ညက Ashley တို့ ရန်ဖြစ်နေကြလို့ ငါသွားပြီး တားခဲ့ကြောင်းပေါ့....ငါ့အမေတို့က ငါဘာပြောနေမှန်း နားမလည်ကြဘူး Ashleyက ရန်ဖြစ်ပြီး ကြာသပတေးနေ့မှာ သတ်ခံရကြောင်း ငါ့မိဘတွေကိုပြောတော့ သူတို့ ပြက္ခဒိန်ကိုယူလာကြတယ် အခုမှ ဗုဒ္ဓဟူးနေ့ဖြစ်ကြောင်းနဲ့ Ashleyက ဘာမှမဖြစ်ဘဲ အကောင်းတိုင်းရှိနေကြောင်းပေါ့ ငါ့မိဘတွေက ငါ အိမ်မက်မက်နေခဲ့တာဆိုပြီး ဇွတ်ပြောလို့ ငါယုံခဲ့မိတယ် "

ကျွန်မ ပြောရာမှ ရပ်ပြီး အသက်ဝဝရှူတော့ Lisaက ကျွန်မ ကျောကိုပွတ်ပေးသည်

"နောက်ကျ ငါတို့ခွေးက ပျောက်သွားတယ် Lisa...လိုက်ရှာရင်း Ashley တို့ အိမ်ဘက်ကနေ ခွေးဟောင်သံကြားလိုက်ရတယ်... အဲ့မှာ ငါ့အဖေ သူတို့အိမ်ဘက်ကို သွားခေါ်ပေမယ့် ဘယ်သူ့အသံမှမကြားရလို့ တံခါးဖျက်ဝင်တော့ Ashley နဲ့ သူ့မိဘတွေ....သွေးအိုင်ထဲမှာ အသက်မရှိကြတော့ဘူး "

"Oh my god "

"ရဲတွေက ငါ့အဖေကို ပထမဆုံး သံသယရှိကြတာပေါ့ ဘာလို့ဆို သူ့ခြေရာက အိမ်ထဲရှိနေခဲ့တာကိုး  "

"မင်း တော်တော်ကြောက်နေခဲ့မှာဘဲ အဲ့အိမ်မှာ ကိုယ့်ကိုကိုယ် မြင်နေခဲ့တာလား "

"မသိဘူး အဲ့ကိစ္စဖြစ်ပြီးနောက်မှာ အမေက ငါ့ကိုသိပ်မယုံတော့ဘူး..."

"အချိန်ခရီးသွားခဲ့တာဘဲ Roseanne "

"ဘယ်လိုလုပ်မှ အချိန်ခရီးသွားလို့ရလည်း ငါမသိဘူး Lisa..ဒါပေမယ့် ငါ ကိုးနှစ်အရွယ်တုန်းက တစ်ခုခုကို မြင်ရင် ဘာဆက်ဖြစ်မလည်းဆိုတာသိနေသလိုဘဲ...."

အိမ်မက်ထဲက  သူWhere stories live. Discover now