Part 29

346 57 3
                                    

#unicode

Roseanne's Pov

"Jackက တကယ်လုပ်မယ့်ပုံဘဲနော် Lisa "

"သူ့ဟာသူ ဘာလုပ်လုပ် ကိုယ် ဂရုစိုက်မှာ မဟုတ်ဘူး Roseanne....ကိုယ်က မင်း tumorကို ဘယ်လိုကုသရမလည်း ဆိုတာရယ် ပြီးတော့ ကိုယ်တို့ နှစ်ယောက်ထဲက တစ်ယောက်က မင်းအဒေါ်ကို ဘယ်လိုရှာကြမလည်းက ပိုအရေးကြီးတယ် "

"ဟုတ်ပြီလေ ဒါဆို အချိန်ခရီးသွားနိုင်ဖို့ ငါ ကြိုးစားပါမယ် Lisa "

"မဟုတ်ဘူး မင်းကို ကိုယ် မလုပ်စေချင်ဘူး "

Lisaရဲ့ စကားကြောင့် ကျွန်မ အံ့သြသွားတယ်

"ဘာဖြစ်လို့လည်း လွန်ခဲ့တဲ့ရက်ပိုင်းအထိ နင်က ငါ့ကို အချိန်ခရီးသွားနိုင်ဖို့ ပြောနေတာလေ "

"အဲ့တာက ကိုယ့်အဘိုးနဲ့မတွေ့ခင်က....အခုတော့ ကိုယ် တစ်ခြားနည်းလမ်းတွေ ထပ်ရှာအုံးမယ် Roseanne မင်းက ကိုယ့်ဘဝဘဲ ဒါကြောင့်မို့လို့ မင်း ကျန်းမာနေဖို့ ကိုယ် ကြိုးစားမယ် "

Lisaရဲ့ စကားတွေကို ကျွန်မ အရမ်းသဘောကျမိတယ် ပြီးတော့ Lisa မျက်ဝန်းထဲက ဝမ်းနည်းမှုတွေ မြင်ရတော့လည်း ကျွန်မ စိတ်မကောင်းဖြစ်မိတယ်

သုံးရက်ကြာပြီးနောက်မှာတော့ ကျွန်မဟာ Lisaနဲ့အတူ ဝယ်ခဲ့တဲ့ အိမ်လေးကို ပြောင်းလာခဲ့တယ်

"Honey ကိုယ် ပြန်ရောက်ပြီ "

Lisa ဆေးရုံကပြန်ရောက်လာတော့ ကျွန်မနဲ့အတူ တရုတ်ဟင်းပွဲများကို မှာပြီး ခြံထဲတွင် ခုံခင်းကာ ညစာအတူစားလေသည်

ညစာစားရင်းလည်း ကျွန်မတို့ရောက်တတ်ရာရာ အကြောင်းတွေ လျှောက်ပြောဖြစ်မိသေးသည်

Lisaက ကျွန်မနဲ့အင်းမှာအတူရှိပြီး နောက်နေ့ Annaကို ဖြတ်ပစ်ခဲ့ကြောင်းတွေ

ကျွန်မကတော့ ကားလမ်းမပေါ်မှာ Jackကို လမ်းခွဲပြီးထွက်ပြေးလာ​ခဲ့ကြောင်းတွေကို ရယ်ရယ်မောမောပြောနေမိသည်

Lisaနဲ့ ကျွန်မ ဘာကိစ္စမှမဖြစ်သလို အခက်အခဲတွေကို မေ့ပြီး ရယ်ရယ်မောမောနဲ့နေမိတယ်

Lisa ဆေးရုံသွားတဲ့အချိန်ဆို ကျွန်မ အချိန်ခရီးသွားနိုင်ဖို့ ကြိုးစားပေမယ့် ဘယ်တော့မှ မအောင်မြင်ခဲ့ပေ... ပြီးတော့ သူမ အချိန်ခရီးသွားဖို့ကြိုးစားနေတာကို Lisaကို မသိစေချင်လို့ ကျွန်မ သူအလုပ်သွားချိန်မှဘဲ ကြိုးစားကြည့်တယ်လေ ဘာလို့ဆို သူ့အဘွား​ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်မကို သူစိတ်ပူနေတယ်

အိမ်မက်ထဲက  သူWhere stories live. Discover now