Ep-1

12.5K 391 19
                                    

Uni

_________

တိမ်တွေ ကင်းစင်နေသော ကောင်းကင်ပြာ
ငှက်ကလေးများ၏ တကျီကျီ အော်သံလေးတွေ ခပ်ဖြည်းဖြည်း တိုက်ခတ်နေသော လေပြေများဟာ နွေဦးရဲ့လှပမှု တစ်ခု
မအေးချမ်းနိုင်သည်က တော့ ရှောင်ကျန့်ပင်
ဘယ်နှယ့် မကြီးမငယ်နဲ့ကြမှ အိမ်ထောင်ပြုမယ်လို့
တစ်ကယ်က ရှောင်ကျန့်သည် သူ့ရဲ့ တစ်ဦးတည်းသော အဒေါ်ဖြစ်သူကို မည်သူ့ လက်ထဲမှ ထည့်မပေးနိုင်ခြင်းသာ

" ဒီမှာ ကျွန်တော် ပြောပြီးပြီးနော် လက်မခံဘူးဆို လက်မခံဘူးဘဲ "

နှုတ်ခမ်းဆူကာ လက်ပိုက်ရင်း ဆိုဖာပေါ်တွင် ကောက်နေသော ရှောင်ကျန့်ကို ကြည့်ကာ
ယွိယမ် တစ်ယောက် အကျပ်ရိုက်လေပြီ
သူ(မ) အမရဲ့ တစ်ဦးတည်းသော သားလေး ရှောင်ရှောင်ကျန့်မှာ အလွန်တရာမှ ချွဲပြီး ဆိုးလွန်းပါသည်။ သူ့ မိဘတွေနဲ့လည်း သွားမနေ ယွိယမ်ဆီမှာ ကြောင်ကလေးလို ကပ်နေတာ သိတတ်စအရွယ်တည်းက ယခုထိပင်

" အားကျန့် လည်း သိသားဘဲ တီလေးက "

"မသိချင်ဘူး မသိချင်ဘူး လာမပြောနဲ့ "

ယွိယမ် နားနှစ်ဖက်အုပ်ကာမျက်စိမှိတ်ပြီး အတင်းအော်ဟစ်နေတဲ့ တူဖြစ်သူကို ကြည့်ကာ သက်ပြင်းအသာ ချမိသည်။
စီးပွားရေးဇုန်ထဲလက်ပစ်ကူးနေတဲ့ သူ(မ)အမ ဖြစ်သူဟာ သားတစ်ယောက် အပေါ် ဘယ်လို ချစ်ခြင်းမေတ္တာ ထားရမလည်း မသိရှာတော့လည်း ဒီကလေးက ယွိယမ်ကို ကပ်သည်မှာ မဆန်းကျယ်တော့ပါ

" အားကျန့် တီလေး ကိုဒီတစ်ခုဘဲ နားလည်ပေးပါလား "

"ဟင့် အဲ့လူကြီး လာရင် တီလေးက ကျွန်တော်ကို ချစ်မှာ မဟုတ်တော့ဘူး "

"အာယိုးလက်စသတ်တော့ အူပုတ်လေးက မဟုတ်တာတွေတွေးပူနေတာဘဲ "

ယွိယမ်သည်ချစ်စရာကောင်းသော ပြောနေသော တူဖြစ်သူရဲ့ပါးလေးကို အူယားဖားယား ဆွဲဖဲ့လိုက်မိတော့သည်။
ယွိယမ်သည် အနှစ်နှစ်အလလ သဘော ကျခဲ့ရသော ထို အမျိုးသား ကို အပိုင်ရတော့မည် ဖြစ်တာကြောင့် ဒီတစ်ခါတော့ဖြင့် အားကျန့်အား အလို မလိုက်နိုင်ပါ

" မဟုတ်လို့လား တီလေးက သူ‌ကို့ဘဲ ဂရုစိုက်တော့မှာလေ"

"မဟုတ်ပါဘူး ကျန့်ကျန့်ပေါက်စလေးရယ်
တီလေးကမင်းအပေါ် အချစ် မလျော့စေရဘူး ကတိပေးမယ် "

Dear Uncle Wang [Complete]Where stories live. Discover now