Ep-3

4.4K 284 23
                                    

Uni

_______

" CEO ရဲ့သားက ဒီလောက်ချောတာ မသိခဲ့ပါ‌ဘူးဟယ် "

"အေး ကြည့်ပါအုံး သန့်နေတာဘဲ "

" သူ့ကိုလာပို့သွားတဲ့ daddy typeနဲ့တစ်ယောက်ကိုရော တွေလား အဖြူဆင်လေးရယ်"

"ဟဲ့တိုးတိုးပြော အဲ့တစ်‌ေယာက်က မိန်းမ ရှိတယ်ဟဲ့ "

ဦးဝမ်ကောင်းမှုနဲ့ ရှောင်ကျန့် ပါးပါး
Company မှာရောက်နေတော့သည်။
ကျေနပ်တကြီးဖြစ်နေတဲ့ပါးပါးက ဦးဝမ်ကို ထပ်ခါထပ်ခါ ကျေးဇူးတင်စကားဆိုနေခဲ့သည်။ ဝန်ထမ်းတွေဆီက ဆူဆူညံ့ညံ့တွေအသံတွေထဲ သူ့ဦးဝမ်ကို လာနှာဘူးထတဲ့ စကားတွေကြောင့် ရှောင်ကျန့် မျက်နှာလေး ကဆူပုတ်သွားသလို မိန်းမ ရှိတယ်ဆိုတဲ့စကားကြောင့် မဲ့ကျသွားတော့သည်။

ပါးပါး ဆီမှာလည်း ထင်သလောက်မဆိုးပါဘူး ဘယ်လိုဘဲနေနေ ရှောင်ကျန့်က သူ့ဝါသနာပါတာတွေလုပ်နေရရင်ကို ပျော်နေတတ်တဲ့လူစားမျိုးပင်
သို့သော် ဦးဝမ်ကို ချစ်နေရတာက ပို နှစ်သက်စရာကောင်းသည်။

*အလုပ်မှာ အဆင်ပြေရဲ့လား ရှောင်းငယ်*

တစ်ပတ် တစ်ပတ်ဆိုတဲ့အချိန်ခနလေးမှာ ဦးဝမ်နဲ့ သူ့ရဲ့ ရင်းနှီးမှု အဆင့်ကမထင်မှတ်လောက်အောင် တိုးတက်ခဲ့သည်။
တောင်ခန‌ဲ ရောက်လာတဲ့စာတစ်စောင်ဟာ
ချစ်သော ဦးဝမ်ဆီမှ ဖြစ်ရာ ရှောင်ကျန့် laptopကိုအာရုံစိုက်နေရာမှ ရပ်တန့်လိုက်သည်။ ဦးဝမ် အတွက်သာဆို အရာရာ မျက်ကွယ်ပြုနိုင်ပါသည်။

*ဦးဝမ် ကျေးဇူးနဲ့ အရာရာအဆင်ပြေတာမို့ စိတ်မပူပါနဲ့ဗျ*

*ဟုတ်ပါပြီ *

အမြဲ ခပ်တည်တည်နဲ့ နေတတ်သော
သူတို့ CEO Wang ဟာ အခုတော့ ဖုန်းကိုကြည့်ကာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေတာမို့
Filesတွေ တစ်ထပ်ကြီး သယ်ထားရတဲ့ ရုံးခန်းထဲက အတွင်းရေးမှူးမလေးခဗျာ တအံ့တဩနဲ့ အူကြောင်ကြောင်ဖြစ်နေရသည်။

" ‌အကိုလေးကို ဆရာ က ညကြအိမ်တော်မှာ dinnerအတူစားရအောင်တဲ့ "

"ငြင်းလို့ ရမလား ဟို"

" အကိုလေး ရဲ့ တီလေးတို့ ကိုလည်း ခေါ်ထားတယ်ပြောပါတယ် "

ငြင်းမလို့ လုပ်နေတဲ့ ရှောင်ကျန့်ခဗျာ ဦးဝမ်ပါတယ်ဆိုတာနဲ့ ပြောင်းလဲသွားချက်ကြီးမှာ
စကားပင် မပြောနိုင် ခေါင်းကို တစက်စက်
မော်တာတတ်ထားသလိုကိုငြိမ့်လာသည်မှာ
ဦးဝမ်နဲ့ပတ်သတ်ပြီး ဆေးမမှီတော့ပုံပါ

Dear Uncle Wang [Complete]Where stories live. Discover now