Ep-7

3.5K 211 12
                                    

Uni

_____________

မျှော်ကြည့်ရာ အိမ်တော်ကိုကြည့်ပြီး
ဝင်ဖို့ရာ ခြေလှမ်းတွေဟာ လေးလံနေခဲ့သည်။
အဖြူရောင်တွေနဲ့သာ ရေးခြယ်ထားတဲ့ နန်းတော်တမျှကျယ်သော ထိုဝမ်အိမ်တော်ဟာ တစ်ကယ်ဘဲ ဖြူစင်‌မှုတွေနဲ့ပြည့်နက်ခဲ့ပါရဲ့လား ဘယ်သူမှ မသိနိုင်ပေ

" အဟင်း "

ဝင်ဝင်ချင်းမှာ ဧည့်ခန်း၌ ချိတ်ထားတဲ့ မိသားစုဓာတ်ပုံကိုကြည့်ကာ ရိပေါ်ဟာ အသက်မပါသော အပြုံးတွေနဲ့ ရယ်မောလာသည်။
မုန်းလှစွာသော ဖခင်ဟာ မားမား အပြင်သူချစ်လှသော အခြားမိန်းမ နှစ်ယောက်ဆီမှ သား နှင့်သမီးကို သိပ်ချစ်ရှာပါသည်။

" ဝမ်ရိပေါ်လာလေ "

ကြည့်ရတာ ရိပေါ် နောက်ကျနေပုံ
မနက်စာဝိုင်းမှာလူစုံနေသည်။ အကိုကြီး၏ ဇနီးသည်ပင်ရှိသည်။ ရိပေါ် ပါးကို အသိအမှတ် ပြုဟန်ခေါင်းငြိမ့်ပြလိုက်ပြီး မျက်နှာထားတည်တည်ဖြင့် စားပွဲအစွန်းတွင်ဝင်ထိုင်လိုက်သည်။
ရှည်လျား‌လွန်းသော စားပွဲပေါ်တွင်ပြည့်နှက်နေသော မုန့်မျိုးစုံ နဲ့ ဖြစ်သော်လည်း ရိပေါ်တစ်ခုမှပင်မထိမိ သူ့အတွက်တော့ ရှောင်းငယ် ဖျော်ထားတဲ့ ကော်ဖီလေး တစ်ခွက်လောက်မည်သည့် မနက်စာကမှ ပြည့်စုံလိမ့်မည် မဟုတ်ပါ

" ရှောင်ယွိယမ်ကို ဘာလို့ လက်ထပ်ခဲ့တာလဲ "

" အို အပါးရယ် ရှောင်အိမ်တော်က အမွေတွေမက်လို့နေမှာပေါ့ "

" ရှင်းရှင်း !!"

ရှင်းလျန်ဟုသော အငယ်ဆုံးမလေးက ရှောင်းငယ်နဲ့အသက်တူတူပင် သူက ပါးပါး မိန်းမတွေထဲက အငယ်ဆုံးက မွေးတာလေ
ရိပေါ်ရှင်းလျန်ပြောသည့် စကားကြောင့်ခုံအောက်က လက်သီးကို တင်းနေအောင်ဆုပ်ထားလိုက်မိသည်။
ပါးပါး၏ ဟန့်မှု့ကြောင့် ရှင်းလျန်မှာ ဆူပုတ်ပြီး ကော်ဖီငုံ့သောက်နေသည်။

" ရှောင်မိသားစုနဲ့ အဆင်ပြေရဲ့လား "

"အဟွန်း ပါးပါးရဲ့ အလုပ်စားပွဲ အောက်ကအံကပ်ထဲမှာ အိပ်ရတာထက် အဆင်ပြေပါတယ် "

ခနဲ့သလို ဆိုလာတဲ့ ရိပေါ့် စကားကြောင့် အကုန်လုံး မျက်နှာဟာ ကွက်ခနဲ
ဘာလဲ အရင်ကလို အနိုင်ကျင့်ဖို့ အရာရာ ကြောက်တတ်တဲ့ ကောင်လေး ထွက်သွားလို့ နှမြောနေကြတာထင်တယ်

Dear Uncle Wang [Complete]Where stories live. Discover now