Ep-4

4.3K 254 12
                                    

Uni

_______

တိတ်ဆိတ်သွားတဲ့ညဦးယံ
မျက်ဝန်းညိုဖျော့ဖျော့တွေဟာ နဘေးနားက
လူကို မကြည့်ဝံ့စွာ ကောင်းကင်ယံကို အကြည့်ပို့ထားပေမယ့် ပုခုံးပေါ် ခေါင်းတင်ထားသော လူသားကတော့ ထိုရှောင်းငယ်ရဲ့ မျက်နှာလေးအား ခိုးခိုးငေးနေလေရဲ့
အအေးဓာတ်တွေပိုလာပေမယ့် တငြိမ့်ငြိမ် ခုန်လှုပ်နေတဲ့ နှလုံးသားက အနွေးဓာတ်တွေကြောင့် သိပ်တော့မအေးလှပါ

" ဘာလို့လည်း "

"ဟင်...?"

"ဘာလို့ မချစ်ဘဲ "

"အဟင်း "

ရှောင်ကျန့်ရဲ့ မဝံ့မရဲ ချီတုန်ချတုန် အမေးအဆုံးမှာ ခါးကလေး ပြန်မတ်ရင်း တိုးတိုးကလေးရယ်နေသော ဦးဝမ်ကြောင့်
ရှောင်ကျန့် နားမလည်စွာကြည့်မိသည်။
ရိပေါ်သည် ‌ပေါ့ပါးစွာ လေတွေမှုတ်ထုတ်လိုက်ရင်း နဘေးနားက အမျိုးသားဘက် မျက်နှာလှည့်ကာ ပြုံးရင်း

"လောကကြီးက မင်းထင်သလောက်မရိုးရှင်းဘူး ရှောင်းငယ် တစ်ခါတစ်လေ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ရွေးချယ်ရတယ် "

" အင်း ဟုတ်တော့ဟုတ်ပါတယ် ဒါပေမယ့်
ဘဝမှာအရေးကြီးဆုံးကို ဆုံးဖြတ်ရမယ်ဆို ဖြစ်ချင်တာရွေးသင့်တယ်မလား အနည်းဆုံးတော့ ဖြစ်သင့်တာရွေးပြီး နောင်တရမယ့်အစားလေ "

ရိပေါ်စကားကို ခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်နေတဲ့ ရှောင်ကျန့် က တီလေးနဲ့ ဦးဝမ် အခြေအနေကို အနည်းငယ်ရိပ်မိသွားဟန်
အကျိုးအကြောင်းနဲ့ထောက်ပြလာတဲ့ စကားကြောင့် ရိပေါ်က သက်ပြင်းချရင်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။

" မင်းသိလားရှောင်းငယ် ကိုယ့်အတွက် ဖြစ်ချင်တာ ဆိုတာ ဘာရယ်ဆိုပြီးမရှိခဲ့ဘူး
ဒါပေမယ့် ဖြစ်သင့်တာကို ရွေးချယ်ခဲ့ရတဲ့အတွက်လည်း ကိုယ်ဘယ်တော့မှ နောင်တမရဘူး "

"ဘာလို့လဲ"

ဘာလို့ဆို မင်းကို‌တွေ့ခွင့်ရခဲ့လို့ဘဲရှောင်းငယ်
‌မင်းနဲ့တွေ့ခွင့်ရခဲ့လို ကိုယ် မနှစ်သက်တဲ့လူကို ရွေးချယ်ခဲ့ရတယ်ဆိုရင်တောင် ဒီရွေးချယ်မှုကို ဘယ်တော့မှ နောင်တရလိမ့်မှာမဟုတ်ဘူး
ရိပေါ် ရင်ထဲ ထာဝရ သိမ်းဆည်းထားသော ထိုစကားများသည် ရှောင်းငယ်ကြားဖို့အတွက် အခွင့်မသာသေးပေ

Dear Uncle Wang [Complete]Where stories live. Discover now