Ep-2

4.7K 307 12
                                    

Uni

________

" ဘယ်လိုလည်း စားကောင်းရဲ့လား "

"အင်း တီလေးရဲ့ အားကျန့် လက်ရာကအမြဲ ကောင်းနေတော့တာဘဲ "

ရှောင်ကျန့်သည် ရိပေါ်အား ကြည့်ကာ မေးလိုက်ခြင်းဖြစ်ပေမယ့် ခပ်ပြုံးပြုံးလေးဖြေလာသည်မှာတော့ တီလေးသာ။
ရှောင်ကျန့်သည် အနည်းငယ်သာ ထိုးစွရင်းစားနေသော ထို အမျိုးသားကိုသာ စိုးရိမ်တကြီး ကြည့်နေမိတော့သည်။

" ကိုယ့်ကိုခွင့်ပြုပါအုံး "

"အင်းမောင်သွားနားတော့လေ "

"သူကအမြဲအဲ့လိုဘဲလား "

ဝမ်ရိပေါ် ၏ကျောပြင်လေးကြည့်ကာဆိုလိုက်သော ရှောင်ကျန့်စကားအား ယွိယမ်သည် နားမလည် ဟန် ကြည့် ပြီးမှ ခနအကြာမှာ သလောပေါက်သွားဟန် ရယ်ပြီး ခေါင်းငြိမ့်ပြလာသည်။

"မောင်က ကြောင်လေးလိုဘဲ အစားနည်းတာလေ "

"အော်"

ရှောင်ကျန့်သည် ဘာကို အလိုမကျမှန်း မသိ ထမင်းတွေကို ဇွန်းနဲ့ထိုးစိတ်နေမိတော့သည်။
သူ့ စိတ်ထဲ တနုံနုံနဲ့ ဘာ ဖြစ်ချင်လို့ ဖြစ်ချင်မှန်း မသိပေ ။ တီလေး ကို မပင်ပန်း‌စေချင်တာနဲ့ ပန်းကန်တွေ အကုန် ရှောင်ကျန့်က အကုန် ဆေးပေးလိုက်သည်။
ထိုအခါ သူ့ ဆံပင်တွေထိုးဖွကာ ပြုံးပြုံးလေး အခန်းရှိရာ ပြန်သွားသော တီလေးကို ကြည့်တော့ အားငယ်ရသည်။

တီလေးသည် ရှောင်ကျန့် ဘဝမှာ အလေးထားရဆုံး အမျိုးသမီးဖြစ်ရာ
ထို အမျိုးသမီး၏ ကာမပိုင် ယောင်္ကျားတစ်ယောက်အား ပြစ်မှားနေမိသည့် ရှောင်ကျန့် ကိုယ်ကိုယ်ကိုယ် စိတ်တိုရပေမယ့်
ခံစားချက်တို့သည် မည်သို့မှ ပြောင်းလဲမရသည်ကလည်း သိပ်ခက်လှပါသည်။

"မောင်..."

တွန့်ခနဲဖြစ်သွားသော ကျောပြင်လေးကို
ကြည့်ကာ ယွိယမ် သဘောတကျပြုံးလိုက်သည်။ မဂ်လာဦးညပါ ဆိုတဲ့ အသိဟာ သူ(မ)ရဲ့ နှလုံးသား တစ်ခုလုံးကို အထိန်းအကွပ်မဲ့စေ သည်။
ခပ်သာသာ လှည့်ကြည့်လာတဲ့ ထို မျက်ဝန်းများဟာ ပကတိ အေးစက်တည်ငြိမ်လို့
ထို မျက်ဝန်းများသည် သူ(မ)အား ထွက်ပေါက်မရှိတဲ့ ဟိုးချောက် အနက်ကြီးထဲ ဆွဲချသွားသလိုပင်

Dear Uncle Wang [Complete]Where stories live. Discover now