Uni
_____________
" တီလေး !!"
"အားကျန့်!"
ရှောင်ကျန့် ဦးဝမ်အား သိပ်ပြီးအောက်ဆင်းလာတော့ တီလေးဟာ ထမင်းစားဝိုင်းနားမှာ တစ်ယောက်တည်း အလုပ်ရှုပ်နေတာကို မထင်မှတ်စွာ တွေ့လိုက်တော့သည်။
အလန့်တကြားပင် လက်ကို နောက်ပို့လိုက်တဲ့ တီလေးကြောင့် ရှောင်ကျန့် မှာ ပိုလိုပင် စိုးရိမ်သွားသေး" ဘာဖြစ်တာလဲ ကျွန်တော့်ကို ပြ"
"ဟင့်အင်း ဘာမှမဖြစ်ပါဘူး အားကျန့် မအိပ်သေးဘူးလား "
"စကားလမ်းမလွှဲနဲ့လက်ဘဲပြ "
မျက်နှာတည်တည်ကြီး နဲ့အကြီးလိုလို ဆိုလာသော ရှောင်ကျန့်ကြောင့် ယွိယမ်မှာ ဆူပုပ်ပုပ်နဲ့လက်လေး ထုတ်ပေးလာတော့သည်။
သူ(မ)၏ လက်ညိုးတစ်ချောင်းလုံးမှာ ဓားရှရာ တစောင်းလိုက်ကြီးရှိနေတဲ့အပြင် သွေးတွေကပါ စီးကျလို့နေသေးသည်။" ကျစ် တီလေးကတော့ခုထိနမော်နမဲ့နဲ့ "
သူ(မ)ကို လူကြီးကလေးလိုမျိုး ဆူပူနေတဲ့ ရှောင်ကျန့်ကြောင့်ယွိယမ်မှာ ပြုံးလာတော့သည်။ အနည်းဆုံး တော့ချစ်သော မောင်ဟာ ချစ်သော အားကျန့်နဲ့သာဆို သူ(မ)ကောင်းကောင်းကြီး စိတ်ချနိုင်ကောင်းပါရဲ့
" ထိုင်နေ တီလေး ကျွန်တော်ပြန်လာခဲ့မယ်"
တအောင့်ကြာတဲ့အခါ ရှောင်ကျန့်သည် ဆေးခြင်းနဲ့တကွ ပြန်ရောက်လာတော့သည်။
ယွိယမ်လက်ကို အသာယူကိုင်ရင်း ဆေးထည့်ပေးနေသည့်ပုံက မောင်ဖြစ်သူက အမ ဖြစ်သူကို ဂရုစိုက်နေသလိုမျိုး သူတို့ဟာ တူနဲ့အဒေါ်ဆိုတာထက် ပို ရင်းနှီးမှုရှိကြပါသည်။" မင်း ဦးဝမ်ရော အိပ်သွားပြီလား အားကျန့် "
"အင်း အခုအကုန်အဆင်ပြေသွားပါပြီ ကျွန်တော် စိတ်အပူလွန်သွားတာ တီလေးကဘဲ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါနော် "
" မလိုပါဘူး အားကျန့်ရာ တီလေး နားလည်ပါတယ်"
ပြုံးနေတဲ့ ယွိယမ်၏ မျက်ဝန်းထဲတွင် အရည်ကြည်တစ်ချို့ ခိုအောင်းနေရှာ
သူ(မ)လက်ကို ဂရုတစိုက် ဆေးထည့်ပေးနေသော ရှောင်ကျန့်ဟာ သူ(မ) ကမ္ဘာမှာ အဖြူရောင်မေတ္တာတွေနဲ့ ချစ်ခင်မိသော အမျိုးသား ဖြစ်ပြီး မောင်ဟာတော့ အရောင်စုံသော မေတ္တာတွေနဲ့ ချစ်ခဲ့မိသော အမျိုးသားသာ
YOU ARE READING
Dear Uncle Wang [Complete]
Fanfictionချစ်သော ဦးဝမ် ... ချစ်သော ဦးဝမ် ... Zsww Fanfiction XiaoZhan (Seme ✅) WangYibo (uke ✅) Read info or tags . If you don't like . Don't read my story or mute . Don't give me annoying . Start date - 25.4.2022 End date- 30.5.2022 @kyar_nge