Ep-27

3.1K 164 14
                                    

Uni

_________

' ကျွန်တော့် အချစ်ရေ ဂရုစိုက်နော်
Media တွေ မသိအောင်ခိုးပြန်ရတာမို့
တောင်းပန်ပါတယ်နော် မနက်စာ ပြင်ပေးခဲ့တယ် ကြိုက်တာစားလိုက် '

ရိပေါ်နိုးတော့ တစ်အိမ်လုံးဟာ တိတ်ဆိတ်နေခဲ့တဲ့အပြင် သူ့ခိုနားသော ရင်ခွင် တစ်ခု ပြောက်နေခဲ့သည်။
မှန်မှာ ကပ်ခဲ့တဲ့ စာလေးကြောင့် ပြုံးမိသွားသော ရိပေါ်သည် ပျော်ရွှင်စွာ ထမင်းစားဝိုင်း အပြေးကလေး သွားကြည့်သေးသည်။
အဖုံးအုပ်ထားတဲ့ coffeeက နွေးနွေးကလေး
Sandwich သုံးခုနဲ့အတူ ပဲပြား ဟင်းရည်လေး ရှိနေတာကြောင့် ရှောင်းငယ်က သူ့အကြိုက်တွေ မပြောင်းသွားမှန်း ‌သိနေပုံ

" ကောင်းကောင်း ပြန်ရောက်ရဲ့လား ရှောင်းငယ်"

" ရောက်ပါတယ်ဗျ ခုတောင် ခင်ဗျားကို လွမ်းနေပြီရယ် "

"ပိုကိုပိုတယ် "

မနက်စာကို ပါးဖောင်းဖောင်းကြီးတွေနဲ့ စားနေတဲ့ ရိပေါ်က ပလို့ပလောင်းလေးနဲ့ မျက်စောင်းထိုးလာသည့်အခါ ရှောင်ကျန့်က ရယ်မောလာသည် ။
ထို့နောက် တစ်ခုခုကို ရေးဆွဲဟန် ပြုနေတဲ့ ရှောင်ကျန့်က မော့ပြီးမှ

" ဒီနေ့ တီလေးက ည‌နက်မှ ပြန်လာနိုင်မှာတဲ့ ကျွန်တော့်ကို မှာသွားတယ် ဦးဝမ် "

" အင်းပါ ကိုယ်လည်း ခနနေ Companyဘက် သွားအုံးမှာ "

"ဂရုစိုက်အုံး "

"ကိုယ်သိပါတယ် ရှောင်းငယ်ရ "

ရှောင်ကျန့်သည် မြတ်နိုးရသော အမျိုးသားအနား ကပ်နေချင်သော်လည်း သူတို့ နှစ်ယောက်ကို သတင်းထွက်စေချင်နေတဲ့ လူတွေက အမြဲ ချောင်းမြောင်းကာ နေရာတိုင်းရှိနေတာမို့ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေရသည်။
ထို့အပြင် ရှောင်ကျန့်က သူ့မိသားစုနဲ့အတူ တိုကျိုမှာ အပန်းဖြေ ထွက်သွားသည်ဟု သတင်းထုတ်ထားတာမို့ ဒီမှာ ရှိနေတာ သိသွားလို့ မဖြစ်

" ဘာတွေ ဆွဲနေတာလဲ ရှောင်းငယ် "

" ခင်ဗျားနဲ့ အတူ ဖွင့်မယ့် cafe လေးလေ "

Coffeeသောက်နေတဲ့ ရိပေါ်မျက်ခုံးများသည်
ရှောင်ကျန့် စကားကြောင့် အနည်းငယ် တွန့်ကျိူးသွားတာကို သိလိုက်ရသလို
ကလေးသဖွယ် နှုတ်ခမ်းလေး ထော်လာတဲ့ ထို အမျိုးသားဟာ တစ်ဖက်ကို မျက်နှာလွဲသွားကာ

Dear Uncle Wang [Complete]Where stories live. Discover now