Uni
___________
လေ ပြေတွေ စိတ်ကြိုက်ဆော့ကစားနေတဲ့ ကျယ်လွန်းလှသော လသာဆောင်တွင်
မီးရောင်စုံ ခပ်မိန်မိန်များမှာ လှလှပပလေး နေရာယူလျက်ရှိသည်။
အပေါ် ကြည့်လျှင် အကာအရံမရှိသော ကြောင့် မဟူရာကောင်းကင်ထက်တွင် လင်းလက်နေသော လမင်းဖြူဖြူနဲ့ကြယ်များကို တွေ့နိုင်သလို အောက်က မြင်ကွင်းမှာလည်း တစ်မြို့လုံးကို အပေါ်စီးက မြင်ရ၍ သာမှန်မဟုတ်မှာတော့သေချာပါသည်။" ဒီနေရာက လှသားဘဲ "
"အင်းလေ မောင်က အလုပ်ထဲဘဲ ခေါင်းချနေတာကို "
"အဟင်း"
ခပ်ဟဟလေး ရယ်လာတဲ့ အဲ့ အပြုံးတွေက လရောင်အောက်မှာ တောက်ပလျက်ရှိသည်။
ဒီစကားဝိုင်းမှာ ရှောင်ကျန့်က အပိုလူတစ်ယောက်သာ သို့သော်ငြား မြတ်နိုးရသော အမျိုးသားအား သေးသေးလေးပင် မငြိုငြင်ခဲ့ပါ" ဦးဝမ် ရော တီလေးရောစားကြ "
ဟင်းတွေ ထည့်ပေးတော့ တီလေးမှာ ရှောင်ကျန့်အားပြုံးပြလာသလို ဦးဝမ်ကလည်း ရှက်ပြုံးလေးနဲ့ ခနခန အသဲယားအောင်မလုပ်ပါနဲ့ အမျိုးသားရယ် ချုပ်တည်းထားရတဲ့ စိတ်တွေဟာ လွယ်လှသည် မဟုတ်တာမို့
" စား .."
"...!!"
တို့တိတို့တိနဲ့စိတ်မပါသလို လုပ်နေတဲ့ ဦးဝမ်ရဲ့ ပန်ကန်ပြားထဲ တီလေး ငုံ့ကာ အစားစားနေတုန်း ဟင်း အချို့ထည့်ပေးလိုက်တော့
မျက်လုံးပြူးလေးနဲ့လှည့်ကြည့်လာတဲ့ ဦးဝမ်က အသဲယားစရာပါ မေးငေါ့ကာ အစားကောင်းကောင်းစားရန်သတိပေးတော့ ဦးဝမ်ဟာ သူ့အား မျက်လုံးများ ပိတ်အောင် ပြုံးလာတော့သည်။
တဒုတ်ဒုတ်ခုန်မြည်နေတဲ့ နှလုံးသားက အပြင်ပေါက်ထွက်တော့ မတတ် ထို အပြုံးလှလှဟာ အဆုံးမရှိတဲ့ ချောက်ထဲ ကျသွားသလို ကိုစွမ်းတာ ဦးဝမ် သိရင်ကောင်းမည်ပင်" ဘာစားကြအုံးမလဲ မောင်ရော အားကျန့်ရော"
"တော်ပြီတီလေး "
"အင်း ကိုယ်ရော "
ရှောင်ကျန့်စကားကို နောက်က သံယောက်လိုက်ပြောတာက အစ ချစ်စရာကောင်းနေတော့သည်။
ဝိုင်နီနီခွက်ကို ကိုင်ကာ ခြေချိတ်ထိုင်ရင်း အောက်ကမြင်ကွင်းကိုကြည့်လို့ တစိမ့်စိမ့် အရသာခံကာသောက်နေတဲ့ ထို အမျိုးသားသည် ဝိုင်နီနီတွေလို ရစ်မူးစရာပင်
နှုတ်ခမ်းဖူးဖူးလေးကတစ်စင့် စီးဆင်းသွားတဲ့ထိုဝိုင်တွေအား ရှောင်ကျန့် မနာလိုမိသည်။
YOU ARE READING
Dear Uncle Wang [Complete]
Fanfictionချစ်သော ဦးဝမ် ... ချစ်သော ဦးဝမ် ... Zsww Fanfiction XiaoZhan (Seme ✅) WangYibo (uke ✅) Read info or tags . If you don't like . Don't read my story or mute . Don't give me annoying . Start date - 25.4.2022 End date- 30.5.2022 @kyar_nge