Ep-9

3.4K 210 4
                                    

Uni

___________

" မောင်နေမကောင်းဘူးလား "

"အင်း .."

ဂျူတီကုဒ်ပင် မလဲနိုင်ယွိယမ် ယောက်ယက်ခတ်သွားတော့သည်။ပြန်ရောက်ရောက်ခြင်း တစ်အိမ်လုံး တိတ်ဆိတ်နေတာမို့ အားကျန့် ထွက်လာတာနဲ့မေးကြည့်တော့ မောင်ဟာ အခန်းထဲ ကနေပြန်ရောက်ကတည်းက ထွက်မလာပါဘူးတဲ့လေ

" ကိုယ်က မပူပါဘူး မောင် ကို သူတို့ တစ်ခုခုလုပ်လိုက်တာတော့ မဟုတ်ဘူးမလား "

ရိပေါ် သည် စိုးရိမ်တကြီး စိတ်ပူနေသော ယွိယမ်အား ကြည့်ရင်း အပြစ်ဆိုတဲ့အရာက သူ့နှလုံးသားထဲထိပါ စူးခနဲဝင်ရောက်လာသည်။
သူ့ကို စိတ်ဝင်စားနေတဲ့အဲ့ အမျိုးသမီးကို အသုံးချကာ အခုတော့ မျက်နှာပြောင်တိုင်ပြီး ကိုယ့်ဇနီးရဲ့ တူနဲ့မှ ချစ်မိလေခြင်း
ယွိယမ် တိတ်ဆိတ်နေသော ရိပေါ်အား ကြည့်ကာ ပိုမိုစိတ်ပူလာသော်လည်း သူ့မှာ လုပ်ပိုင်ခွင့် ဆိုတာ မည်သည်မျှမရှိပေ

" တစ်ကယ်လို့ မောင်မပြောချင်လည်း ရပါတယ်ဟုတ်ပြီလား မောင်ကားမမောင်းနိုင်ရင် လည်း မနက်မှအစောထပြီး ပြန်ကြမယ်လေ "

"အင်း ယမ့် အမရော သက်သာလား "

"မနက်ဖြန် ဆေးရုံဆင်း မှာ အခုမောင်ဘာစားထားသေးလဲ "

" ပဲပြားဟင်းရည်"

"အာ အားကျန့်ချက်ပေးတာလား "

ရိပေါ် ထိတ်ခနဲ ဖြစ်သွားပေမယ့် မူမပျက်ခေါင်းငြိမ့်ပြလိုက်တော့သည်။
သူရဲ့ ကျောရိုးထဲက စိမ့်နေအောင် နာနေတာကြောင့် ယမ် လာတဲ့အထိဘဲ အိပ်ယာထဲခွေနေတာ ရှောင်းငယ်ကိုလည်း သူကိုယ်တိုင်အခန်း ထဲ မလာခိုင်းထားခြင်း

" ယမ် ရေချိုး ညစာစားပြီးရင် ဘာစားချင်လည်း လုပ်ပေးမယ်လေ "

ရိပေါ် အိပ်နေတဲ့နား ဆောင့်ဆောင့်လေးထိုင်ကာပြောနေသော ယွိယမ်သည်အခုမှ အလုပ်က ပြန်လာတာ ဖြစ်တာကြောင့် ချွေး အနည်းငယ် ထွက်နေပေမယ့် ရိပေါ့် အဖြေကို စောင့်ဆိုင်း နေတဲ့ မျက်ဝန်းတွေကတော့ အရောင်လတ်နေခဲ့သည်။
ရိပေါ်သည် မတရားစွာ ရှောင်းငယ်ကိုသာ တမ်းတနေမိတော့သည်။

Dear Uncle Wang [Complete]Where stories live. Discover now