Uni
_________
" လွမ်းနေရတော့မှာဘဲ "
" အကို ယန် က ကိုယ့်ကိုယ့်ကိုယ်သာ ဂရုစိုက်ပါ "
လီကျင်းယန်၏ စိုက်ကြည့်ကာ ဆွေးဆွေးမြေ့မြေ့ပြောလာသော စကားအချို့ကြောင့်
ယွိယမ်က မနေတတ်စွာ စကားလမ်းလွှဲလိုက်တော့သည်။
လီကျင်းယန်ဟာ ဂရုစိုက်ဖို့ စကားလေး တစ်ခွန်းနဲ့လည်း လုံလောက်ခဲ့ပုံပါ ခပ်ပြုံးပြုံးလေး တစ်ဖက် လှည့်သွားခဲ့သည်။" အဲ့မှာ ကြာမှာလား "
"ဟင့်အင်း ကိုယ် ပြန်မလာတော့ဘူး "
အနည်းငယ်သာ အံ့ဩဟန် ပြပြီး ပြန်တည်ငြိမ် သွားသော ယွိယမ် မျက်နှာလေးကို
လီကျင်းယန် အထွေအထူး လုပ်ပြီး ခံစားမနေတော့ ဒါတွေဟာ သူ့ အတွက် နေသားကျပြီးသား အခြေအနေတစ်ခုလိုပင် ဖြစ်နေပြီဖြစ်သည်။လီကျင်းယန်သည် ရာထူးအချခံထားရသောဗိုလ် တစ်ယောက်ဖြစ်ပြီး အခု နယ်မြို့ တွင်ပြန်လည် တာဝန်အပေးခံရ၍ သွားမည် ဖြစ်ကာ လီကျင်းယန်တစ်ယောက် အချစ်ဦးရှိသော ဒဏ်ရာ တွေနဲ့ ဤ မြို့လေးအား ဘယ်တော့မှ ပြန်လာတော့မည် မဟုတ်ပါ
အပြင်မှာ တွေ့ဖို့ကို ဒါဟာ နှုတ်ဆက် တွေ့ဆုံခြင်း ပါဆိုမှ ထွက်လာသည့်ယွိယမ်သည် အကြော ကလေးသာ" ထည့်စားလေ ရှောင်ယွိ "
" ဟုတ်ကဲ့ "
ယွိယမ် ပန်းကန်ထဲတွင် ထမင်းများ မမြင်ရတော့အောင် လီကျင်းဟန် ထည့်ပေးသော ဟင်းများ ဖြင့် ပြည့်လျှံနေပြီဖြစ်နေပြီဖြစ်သည်။ လီကျင်းယန်သည် ကျန်းမာရေး ဂရုစိုက်ကာ အစားများများ စားဖို့ သေးလွန်းတဲ့ ယွိယမ် လက်ကောက်ဝတ်များကို ကြည့်ရင်း မကြာခဏ မှာ တတ်သည်။
" ကိုယ် လိုက်ပို့ရအုံး မလား "
"ဟင့်အင်း ရပါတယ် "
"ဒါဆိုလည်း နှုတ်ဆက်ပါတယ် နော်"
အလှပဆုံး ပြုံးပြကာ ထွက်သွားသော လီကျင်းယန်သည် ယခုတော့ သူ၏ နာကျင်မှု ကြိုးတစ်ချောင်းအား လွှတ်ချနိုင်ခဲ့လေပြီဖြစ်တော့သည်။ သို့ပေသည်တိုင် လီကျင်းယန် ဟာ ထို နယ်မြို့လေးတွင် ဝါကျင့်ကျင့် မီးရောင်အောက် ထိုင်ရင်း ယွိယမ်အား လွမ်းနေမည်လားတော့ မည်သူမှ မသိနိုင်ပါချေ
YOU ARE READING
Dear Uncle Wang [Complete]
Fanfictionချစ်သော ဦးဝမ် ... ချစ်သော ဦးဝမ် ... Zsww Fanfiction XiaoZhan (Seme ✅) WangYibo (uke ✅) Read info or tags . If you don't like . Don't read my story or mute . Don't give me annoying . Start date - 25.4.2022 End date- 30.5.2022 @kyar_nge