Ep-23

3.2K 170 14
                                    

Uni

____________

လှုပ်လှုပ်ရွရွ ဖြစ်လာတဲ့ ကိုယ်လေးနဲ့အတူ
မျက်နှာနုနုပေါ်လာကျနေတဲ့ နေရောင်ကြောင့်
ရှောင်ကျန့် အပြေးကလေးထကာ လိုက်ကာစလေးပိတ်ထားရင်း ခပ်သုတ်သုတ် ကုတင်ခြေ‌ရင်းမှာ ထိုင်ချလို့ အမျိုးသားလက်လေး ကိုင်ထားပြန် ထွက်မပြေးနိုင်ဘူးဆိုတာ သိပေမယ့်လည်း သူကြောက်နေမိတာ အမှန်ပါ

" ဟင်...!!"

မျက်လုံးဖွင့်ဖွင့် ချင်းမြင်လိုက်ရတဲ့ အစိမ်းရောင်လွင့်လွင့်ကလေး ခြယ်သထားတဲ့ မျက်နှာကျက်ကြောင့် ရိပေါ်ရဲ့ အိပ်ချင်နေတဲ့ မျက်ဝန်းတွေဟာပြူးကျယ်သွားရသည်။
နဘေးနားကနေ တိတ်တိတ်ကလေး ငြိမ်သက်နေတဲ့ ရှောင်ကျန့်ဟာ ဦးဝမ် မုန်းသွားမှာ ကြောက်တယ်ဆိုတာတော့ လိမ်ညာနေခြင်း မဟုတ်ပါ

" ဦး ဝမ် "

"ရှောင်းငယ် ကိုယ်ဘယ်ရောက် အာ့ !"

" ဦးဝမ် မထနဲ့လေ "

အနောက်ကို ခပ်ရို့ရို့ကလေး ဆုတ်နေသော ရှောင်ကျန့်က ကုတင်ခေါင်းရင်းနဲ့ တွဲချည်ခံထားရတဲ့ ကြိုးတွေကြောင့် ရိပေါ် ပြန်လဲကျသွားချိန်မှာတော့ အနားကို အပြေးကလေး လာရှာသည်။ရိပေါ်သည် သူ့အခြေအနေအား အံ့ဩနေဟန် သူသည် လျပ်တပြက် ဖြစ်ရပ်ကြောင့် မည်သည့် အရာကိုမှ နားမလည်နိုင်တော့ ချေ။

" ကိုယ် ကိုဘာလို့ ဒီလိုလုပ်ထားရတာလည်း ရှောင်းငယ် "

"ကြောက်လို့ပါ ကျွန်တော်ကြောက်လို့ပါ "

ရိပေါ် ရင်ဘက်ပေါ် ပါးအပ်ကာ ဆိုလာသည့် ကောင်လေးဟာ အဆုံးထိဆွဲထားချင်ခဲ့ပုံ
သို့သော် ရိပေါ်က အဆွဲခံပါမည်တဲ့လား
အရာအားလုံး မရှင်းသေးသ၍တော့ ရိပေါ် ရှောင်းငယ်အနား ရှိနေလို့ မဖြစ်ပါ ထိုအရာသည် သူချစ်ရတဲ့ ရှောင်းငယ်အား ထိခိုက်လာလိမ့်မည်ပင်

" မင်းက ကိုယ့်တူလေးပါ ရှောင်းငယ် "

"ဟင့်အင်း ခင်ဗျား ဘာလို့ ထပ်လိမ်နေရတာလဲ "

ရင်ဘက်ပေါ်မှာ မှီရင်း ခေါင်းခါရမ်းနေတဲ့ အဆိုးကလေးရဲ့ ဆံသားတွေကို ဖွချင်ခဲ့သော်ငြား ရိပေါ်လက်တွေဟာ အချုပ်အနှောင်ခံထားရသည်။

Dear Uncle Wang [Complete]Where stories live. Discover now