Ep-20

2.8K 171 10
                                    

Uni

____________

" ကျွန်တော် ခင်ဗျားကို စောင့်နေခဲ့တာ"

ဘာတွေ အလုပ်ရှုပ်လို့ ရှုပ်နေမှန်းမသိတဲ့ ဦးဝမ်ဟာ  အလှပန်းအိုးထဲက ပန်းတွေကို လျှောက်လုပ်နေတဲ့အချိန် ရှောင်ကျန့်ဆီမှ ထွက်လာသော စကားစကလေးသာ
တိုးတိတ်လွန်းတဲ့ စကားလေးဟာ ရိပေါ် ရင်ကို လည်း ထိန်းချုပ်မရအောင် ခုန်လှုပ်စေပါသည်။
ကိုယ်လည်း မင်းကို စောင့်နေခဲ့တာပါလို့ ပြောခဲ့ချင်ပေမယ့် တစ်ကယ်တန်းမှာတော့ နှုတ်ဆိတ်နေခဲ့မိသည်။

" ခင်ဗျားရဲ့လက်က ဘာဖြစ်ရပြန်တာလဲ ဦးဝမ် "

"အာ ...ဘာ မှမဖြစ်ပါဘူး "

ပတ်တီးဖြူဖြူနဲ့လက်ကို နောက်ဝှက်လိုက်ရင်း ဖြေလိုက်တာမို့ ရှောင်ကျန့်ဆီက သက်ပြင်းချသံ တိုးတိုးကလေး ထွက်ပေါ်လာတော့သည်။ သူသတိပြန်ရကတည်းက အနားမှာ ဦးဝမ် ရှိမနေခဲ့သလို အခုလည်း တိတ်ဆိတ်လို့ ပုံမှန်ထက်ကွဲပြားနေသည်မှာ နားလည်ဖို့ခက်လွန်းပြန်သည်။

" ရှောင်းငယ် နေပူနေလို့ "

" ဦးဝမ်ဆီက ဂရုစိုက်မှုလေးသာ ရမယ်ဆို ကျွန်တော် နေပူထဲဘဲသွားရပ်နေလိုက်တော့မယ် "

ဖွင့်ဟထားတဲ့ ပြတင်းပေါက်ကို ကျော်ကာ ဝင်လာတဲ့ နေရောင်နုနုအား တားဆီလိုက်သည်မှာ ရိပေါ် လက်နုနုကလေးပင်
ရှောင်ကျန့်သည် သူ့ မျက်နှာအနားက ဦးဝမ် လက်ဖြူဖြူကလေးကို အသာဆွဲယူကာ ပါးမှာ ကပ်ရင်းဆိုမိတော့ ဦးဝမ်ဆီက မနိုင်ဘူး ဟုသော အကြည့်မျိုး အား ချစ်စဖွယ်လက်ဆောင်ရလိုက်သည်။

" ကိုယ့်လက်ကို လွှတ်အုံး လိုက်ကာ သွားချမလို့ "

" ပြီးရင် ကျွန်တော့်အနား လာထိုင်နော်
ကျွန်တော် ဦးဝမ်ကို လွမ်းနေလို့ပါ "

ကလေးလေး တစ်ယောက်လို ချွဲနေရှာတဲ့
ရှောင်ကျန့်ကြောင့် ရိပေါ် နှုတ်ခမ်းထောင့်လေးတွေမှာ အနည်းငယ် ကော့တက်သွားတော့သည်။ လိုက်ကာစတွေ ချလိုက်ရင်း
ကုတင်ပေါ်က လူအနား အလိုတော်ကြ သွားထိုင်တော့ သူ့ရင်ခွင်ထဲ တိုးဝင်လာသည့် ခေါင်းကလေးမှာ အူယားစရာ

Dear Uncle Wang [Complete]Where stories live. Discover now