Ep-18

2.5K 170 15
                                    

Uni

____________

" ရှောင်းငယ်! ရှောင်းငယ် သတိထားပါအုံး "

ရိပေါ် ဘယ်လောက်တောင် ပူထူနေသလဲ ဆိုရင် သူ့ကို ရှောင်းငယ် ပြေးဖက်လိုက်တာကြောင့် ‌ကြမ်းပြင်ပေါ် ဖင်ထိုင်ရက်ကျသွားရာကနေတော်တော်နဲ့ သတိ မဝင်
ဆိုင်ကယ်နဲ့ နှစ်ယောက်လုံး မတိုက်မိ၍ သက်ပြင်းချမဆုံးသေးရှောင်းငယ် ခါးမှာ စိုက်နေတဲ့ ဓားတိုတစ်ချောင်းကြောင့် ဝမ်ရိပေါ်မှာသွေးရူးသွေးတမ်း ဖြစ်သွားရတော့သည်။

" CEO CEO ကျွန်တော့်ကားပေါ် တင်လိုက် "

အလိုက်သိတဲ့ ဝန်ထမ်းတွေက ဆေးရုံသွားဖို့ကားထုတ်ပေးလာတာမို့ ရိပေါ် သူ့ရင်ခွင်ထဲက ရှောင်းငယ် ကိုယ်လေးကို ပွေ့ချီလိုက်တော့ ဝန်ထမ်းမလေးတွေမှာ ပြာယာခတ်နေတဲ့ကြားက အိုခနဲဟာခနဲ ဖြစ်သွားကြ တော့သည်။

" နီးစပ်ရာ မြန်မြန်မောင်းလိုက်ပါ"

"ဟုတ်ကဲ့ "

ကားနောက်ခန်းက သူတို့ CEO သည် မိန်းမဘက်မှ တူလေးအား တယုတယ ထွေးပွေ့ကာ စိုးရိမ်တကြီးဖြစ်နေရှာ
မည်သည့်ပြဿနာမဆို အေးအေးဆေးဖြေရှင်းတတ်တဲ့ CEO Wangဟာ Wang Xian Group စီးပွ‌ာရေးလောကထဲ ဝင်ခါစ ကလည်း အတိုက်အခိုက်တွေရှိခဲ့ပေမယ့် ယခုလို တစ်ခါမှပင်မူမပျက်ခဲ့ဘူးပါ

" လူနာက ဘာဖြစ်တာလဲ "

"ဓား ဓားနဲ့ ထိုးခံရတာပါ "

ပြာပြာသလဲ ဖြစ်ကုန်ကြတဲ့ Doctorတွေနဲ့အတူ ခွဲစိတ်ခန်းထဲ ချက်ခြင်း ဝင်လိုက်ရသည်။ နားထင်မှာ ချွေးတွေ စီးကျနေသည့် တိုင် ရိပေါ် ကောင်းကောင်း ထိုင်မစောင့်နိုင် လက်သည်းတွေ ကိုက်ရင်း ထိုင်လိုက်ထလိုက် ဖြင့် အလုပ်တွေ ရှုပ်နေတော့သည်။
သူ့ မျက်နှာတစ်ခုလုံးမှာလည်းစိုးရိမ်ရိပ်တို့ အပြည့်ပင် ရိပေါ်၏ တစ်ကိုယ်လုံးဟာအေးစက်လို့ တုန်ရီနေခဲ့ရှာ သူ့ရဲ့ shirt အဖြူလေးမှာလည်း ရှောင်းငယ်၏ သွေးများစွန်းထင်လို့နေသည်။

" CEO ကျွန်တော်ဘာလုပ်ပေးရမလည်း "

" ရှောင် ရှောင်းငယ်တို့ အိမ်ကိုဘဲ ဆက်သွယ်ပေးပါ "

Dear Uncle Wang [Complete]Where stories live. Discover now