Ep-6

4.1K 226 13
                                    

Uni

___________

" ခင်ဗျားမှာလည်း ဒီလိုချစ်စရာကောင်းတဲ့ အချိန်တွေ ရှိလိမ့်မယ်လို့ မထင်ထားဘူး ဦးဝမ်"

ရှောင်ကျန့်၏ လက်ချောင်းများဟာ ရိပေါ်၏ မျက်နှာနုနုထက် ခပ်သာသာလေး ပြေးလွှားနေခဲ့သည်။အိပ်ပျော်နေတဲ့ ဦးဝမ်ဟာ အရာအားလုံး ခဝါချထားပုံပါ
အမြဲတန်းစုကျုံ့ထားတဲ့ မျက်ခုံးများပြေလျော့နေသည်။ စုပိတ်ထားသော နှုတ်ခမ်းဖူးဖူးလေးဟာ ခုတော့ အနည်းငယ်ဟကာ
ဆူ‌ေထာ်သယောင်
ရှောင်ကျန့်လက်မောင့်သားပေါ် ပိနေတဲ့ပါး‌ပြင်ဖွေးဖွေးအိအိကြီးမှာလည်း အသဲယားစရာ
ကြည့်ရတာ ဒီလူသားက ပြီးပြည့်စုံခြင်းဆိုတဲ့အရာတွေနဲ့ဘဲ ထုလုပ်ထားပုံ

" အင်း...ဘယ်နာရီထိုးပြီလဲ "

အင်းခနဲ အသံပြုကာ နိုးလာတဲ့ ဦးဝမ်ဟာ
သူ့ရဲ့ မျက်လုံးများကို ပွတ်သတ်နေသည်မှာ
ကလေးပေါက်စလေးများ အိပ်ယာနိုးလာသလို
ရှောင်ကျန့်အားကြည့်လာပြီး မေးတဲ့အမေးကို ပြန်ဖြေရန် စက္ကန့် အနည်းငယ် ရပ်တန့်နေခဲ့သည်။
ဒီလူသားနဲ့ မနက်ခင်းတွေနိုးထရတာ ဘယ်လို ကံကောင်းတဲ့ပြည့်စုံမှုမျိုးမို့လို့လည်း

" ရှစ်နာရီ ဦးဝမ် "

" အာ sorry ကိုယ်နောက်ကျသွားတယ် "

"ရပါတယ် ဦးဝမ် အိပ်ချင်ထပ်အိပ်လေ ဒီမှာ"

"ဟင့်အင်း မင်းလက်တွေနာနေလောက်ပြီရှောင်းငယ် "

ရှောင်ကျန့်က အိပ်နေရာက မထသေးဘဲ
သူရဲ့ လက်မောင်းကို ပုတ်ပြကာ ဆိုတော့
ထိုင်နေရင်းက ခေါင်းရမ်းကာပြောလာသည့် ဦးဝမ်ဟာ အိပ်မှုန်စုတ်ဖွားလေးနဲ့ပင် အလှမပျက်သူ ဖြစ်လေသည်။
Suit အပြည့်နဲ့ဆို ဦးဝမ်ဟာ သိပ်ချောမောလွန်းပြီး အခြားအချိန်မှာတော့ချစ်စရာကောင်းသော လူသားပင် ခြုံငုံကြည့်‌လျှင်
ဦးဝမ်ဟာ သိပ်လှပါသည်။

" ရပါတယ် ဗျာ ဦးဝမ် အတွက်သာဆို တစ်သံသရာ စာလုံး မှီချင်တယ်ဆို‌ရင်တောင် မငြီးငြူ ခွင့်ပြုပေးမယ့်လူသားပါ "

"ရှောင်းငယ်~~"

အရှက်ပိုသွားဟန် ဦးဝမ်၏ ပါးဖွေးဖွေးလေးမှာ အရောင်နုနုလေး တက်လာသလို
ရှောင်ကျန့်ကတော့ ငုတ်တုတ်ထထိုင်ကာ
အချစ်ရည်ရွှန်းသော မျက်ရည်များနဲ့စိုက်ကြည့်ကာ ‌ပြုံးနေဆဲ

Dear Uncle Wang [Complete]Where stories live. Discover now