Uni
_____________
ရှောင်အိမ်တော်မှာ ညဘက်ကြီး မီးတွေ ထိန်ထိန်လင်းနေခဲ့သည်။
ဘယ်နှခါဘဲ ခေါ်ခေါ် ဖုန်းမကိုင်လာတဲ့ ရှောင်ကျန့်ဟာ တအောင့်နေတော့ သူကိုယ်တိုင် ဆက်သွယ်လာသည်။
ဆေးရုံမှာစောင့် မနေဘဲ အိမ်ပြန်လာမည်ဆိုတဲ့ အကြောင်း သူကတော့
Wang Company အနားမှာ ရှိနေခဲ့ပြီး လိုက်မလာဖို့ အကြောင်းပါ ဆိုလာခဲ့သည်။" ကြာနေပြီ ကျွန်တော်လိုက်သွားလိုက်မယ်"
"မောင်! "
ထိုင်စောင့်နေရာကနေ စိတ်ပူလွန်လာတာမို့
ကားသော့ ဆွဲပြီး ထွက်သွားတော့မည့် ရိပေါ် ခြေလှမ်းတွေဟာ ယွိယမ်အော်သံကြောင့် ရပ်တန့်သွားသည်တော့ မဟုတ်ပါပေ
ခြံရှေ့မှာ ရှိနေတဲ့ အရိပ်ကလေးတစ်ခုကြောင့် ရပ်တန့်သွားခြင်းသာ" အင့် !!"
" ကိုယ်မင်းကိုစိတ်ပူနေတာ~"
ရိပေါ်မျက်လုံးထဲရော အတွေးအာရုံတွေထဲမှာရော ရှောင်ကျန့် တစ်ယောက်သာ
ရှိတော့သဖြင့် ကြောက်အားလန့်အားနဲ့ ဖက်မိတော့ သူ့ အမျိုးသားဆီက အင့်ခနဲ အသံလေး ထွက်လာသည်။
ရိပေါ် တစ်ကယ်ကို ထိတ်လန့်နေခဲ့တာ ဒီ ကောင်လေး ထပ်ပြီး တစ်ခုခု ဖြစ်သွားမှာကို" ရှောင်းငယ် "
အတင်း တွန်း ထုတ်ခံလိုက်ရတာမို့ မျက်လုံးမှေးမှေးကလေးတွေ ပြူးကျယ်သွားသော်လည်း ရှောင်ကျန့် မျက်ကွယ်ပြုကာအိမ်ထဲ ဝင်လိုက်သည်။
ဒါဟာ ခက်ခဲတယ်ဆိုတာတော့ ရှောင်ကျန့် တစ်ယောက်ဘဲသိပါလိမ့်မည်"သားငယ် ဘာလို့ မပြောမဆိုနဲ့ ပြောက်သွားရတာလဲ ကွယ် "
ရှောင်မားသည် သူ့သားကို ဖက်ကာ စိုးရိမ်တကြီး ဆိုနေသည့်တိုင် ရှောင်ကျန့်ကတော့ ကျောက်ရုပ်တရုပ်လို ရပ်နေရှာတုန်းပင်
ခြံဝက ရိပေါ်ကလည်းလေးကန်သော ခြေလှမ်းတွေနဲ့ တရွေ့ရွေ့လာနေပြီးမှ ယွိယမ် အနား ရပ်တန့်သွားတော့သည်။" သိနေခဲ့ကြတာမလား "
"ဘာကိုလည်း သားငယ်"
တည်တည် ငြိမ်ငြိမ်လေး ဆိုနေသော်ငြား
ထို အသံတွေ မြစ်ဖျားခံရာဟာ နာကျင်နေသော နှလုံးသားကလေးမှ ဆိုတာ ရိပေါ် သိသည်။ ဘာလို့ဆို သူကိုယ်တိုင် လည်း နာကျင်နေခဲ့လို့
အမဲရောင် Hoodie အပွကြီးကို ဝတ်ထားသော ရှောင်ကျန့်ဟာ ခေါင်းစွပ်ချွတ်လိုက်တဲ့အချိန် နီဆွေးကာ ဒေါသထွက်နေသော မျက်ဝန်း တစ်စုံ ပေါ်လာခဲ့သည်။
![](https://img.wattpad.com/cover/308815087-288-k860308.jpg)
YOU ARE READING
Dear Uncle Wang [Complete]
Fanfictionချစ်သော ဦးဝမ် ... ချစ်သော ဦးဝမ် ... Zsww Fanfiction XiaoZhan (Seme ✅) WangYibo (uke ✅) Read info or tags . If you don't like . Don't read my story or mute . Don't give me annoying . Start date - 25.4.2022 End date- 30.5.2022 @kyar_nge