Ep-15

3.1K 184 6
                                    

Uni

_____________

" ဦးဝမ် တော်တော်လေး နေမကောင်းဖြစ်နေတာလား "

မနေ့က ကြမ်းရမ်းမိတာ အနည်းငယ်ရောင်နေသေးသော ဦးဝမ် လက်ကောက်ဝတ်လေးဟာ ပိုဆိုးသွားတာ ရှောင်ကျန့်မှာ စိတ်မကောင်းဖြစ်ရသေးသည်။အပေါက်ဝကို ကျောပေးအိပ်နေတဲ့ ဦးဝမ်ဟာ သူ့အသံကြားတော့ မျက်လုံးဝိုင်းဝိုင်းလေးများနဲ့ အသာကြည့်လာသည်။

" ရှောင်းငယ်"

"ကျစ် !ပူနေတာဘဲ  ဘယ်လို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ရမလဲ "

အသံ အနည်းငယ်မာနေသော ‌ရှောင်ကျန့်ကြောင့် ရိပေါ် ကိုယ်လေးမှာ တုန်သွားသဖြင့် ရှောင်ကျန့်မှာလည်း စိတ်ကို ပြန်လျှော့လိုက်ရသည်။ သူက ဦးဝမ်အား အပြစ်တင်နေခြင်းမဟုတ်ပါ ဘာမှ တတ်နိုင်ခြင်း မရှိသော ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်ခြင်းပင်

" သွေ့ပုချီ ကျွန်တော်အသံ ကျယ်သွားတယ် "

"ရပါတယ် ကိုယ် ဘာမှမဖြစ်ပါဘူး "

" ဦးဝမ် ဒီရက်ပိုင်း သိပ်ချူချာတာဘဲ "

ရှောင်ကျန့် လက်တွေက အိပ်ယာထခါစ ဖွာဖွာလေး ဖြစ်နေတဲ့ ရိပေါ် ဆံသားတွေကြား ထိုးဖွနေတဲ့အခါ ကုတင်ခေါင်းရင်းမှီကာ ခပ်လျှောလျှောလေး ထိုင်နေတဲ့ ရိပေါ်က ပြုံးပြုံးကလေး

" ကိုယ်က ပင်ပန်းရင် ဖျားတတ်လို့ပါ "

" ကြိုပြောမှပေါ့ အာမဟုတ်သေးဘူး ကျွန်တော်က ကြိုလေ့လာရမှာကို တောင်းပန်ပါတယ် နောက်တစ်ခါ ဦးဝမ်အပေါ် မဆင်မခြင် မဆိုးတော့ပါဘူး "

" မလိုပါဘူးဆိုကွာ ရှောင်းငယ်ရာ ကိုယ်လိုလိုချင်ချင်ပေးအပ်ထားတာဘဲကို "

" လိုတယ် ကျွန်တော့်အတွက်လိုတယ်
ကျွန်တော်က ခင်ဗျားကို ကျွန်တော့်အတွက်နဲ့ဖြစ်ဖြစ် သေးသေးလေးတောင် အထိအခိုက်မခံချင်တာ ဦးဝမ်ရ "

ဘာမှမပြောတော့သော အမျိုးသားသည် နှုတ်ခမ်းလေး အနည်းငယ်ဆူကာ တိတ်ဆိတ်သွားသောကြောင့် စိတ်‌ကောက်သွားမှန်း ရှောင်ကျန့်သိလိုက်ရသည်။ထို ဆူပုပ်နေသော ရိပေါ် မျက်နှာ၏ နောက်ကွယ်တွင် ဝမ်းနည်းနေသော မျက်ဝန်း တစ်စုံရှိနေခဲ့သည်။
တစ်ခါတစ်လေတော့ရှောင်းငယ်၏ ချစ်တတ်မှုများဟာ ကြီးမားလွန်းလို့ သူနဲ့တောင်ထိုက်တန်ပါရဲ့လား သိချင်မိပါသည်။

Dear Uncle Wang [Complete]Where stories live. Discover now