Uni
___________
" ဝမ်ရိပေါ် !!!"
" ပါးပါး သား မဟုတ်ဘူး အဲ့တာဟင့် "
" မျက်ရည်ကျမပြနဲ့ မင်းအမေလို အမြဲပျော့ညံ့ညံ့နဲ့ "
"အင့်!!!"
ပါးစောင်ကနေ အားပါးပါး ဆွဲညစ်ခံလိုက်ရတော့ သနားစရာ ကလေးငယ်ဟာ ကြောက်အားလန့်အားနဲ့ အငို တတ်နိုင်ဖို့ ကြိုးစားပေမယ့် နာကျင်မှုကြောင့် မျက်ရည်များဟာ ကျနေတုန်းပင်
ဒါကိုပါးဟာ သဘောမတွေ့ပုံ မျက်ခုံးတွေ တွန့်ကျိုးလာပြီး"လာခဲ့ မင်းကို နောက်တစ်ခါ ဒီလို မလုပ်နိုင်အောင် အပြစ်ပေးရမယ် "
" အဲ့တာ သားလုပ်တာမဟုတ်ဘူး "
ကျောင်း အကျီကော်လံစကနေ ဆွဲကာ ခပ်ကြမ်းကြမ်းဆွဲေခါ်ခံရတာေကြာင့်
တရွတ် တိုက်ပါးပါး အလုပ်ခန်းထဲ ပါသွားတဲ့ ဝမ်ရိပေါ် ဟုသော ကလေးငယ်တွင် ခိုကိုးရာ အရပ်ကလေး ပင်မရှိခဲ့ပါ။
ကျောင်းမှာ အမြဲ အနိုင့်ကျင့်ခံရပြီး အကိုကြီးတို့လုပ်သမျှ ပြဿနာတိုင်းဟာ ဝမ်ရိပေါ်ကြောင့်ပါလို့ ခေါင်းစဥ်တပ်ခံရသည်။
သို့သော် ဒါဟာ အကိုကြီး လုပ်တာပါလို့ မပြောရဲခဲ့ပါ* ငါလုပ်တာတွေ ပါးပါးကို ပြန်ပြောရဲပြောကြည့် မားနဲ့တိုင်ပြီး မင်းအမေကို အိမ်ပေါ်ကဆင်းရအောင်လုပ်ပစ်မယ် ကြားလား ဝမ်ရိပေါ်!!!!*
" ဝမ်ရိပေါ် မင်းက သိပ်ဆိုးလိုက်တာ "
တောင်းပန် အော်ငိုနေလည်း မရမှန်း သိတော့ သနားစရာကလေးငယ်ဟာ မည်သည်မျှ မဆိုတော့သူဘာသာ အလိုက်တသိနဲ့ အလုပ်စားပွဲအောက်က အံကပ်ဗီရိုလေးထဲ ဝင်သွားတော့သည်။ သက်ပြင်းချကာ ထွက်သွားသော ပါးပါးသည် တညလုံး တံခါးလာမဖွင့်ပေးပေ
အမှောင်ကြောက်တဲ့ ကောင်လေးရဲ့ နှလုံးသားနုနုလေးထဲ ဒဏ်ရာတွေ ဆွဲထင်ကုန်တော့သည်။" ဝမ်ရိပေါ် ဒါ မင်းသောက်မလို့လား "
ရိပေါ်စာကြည့်စားပွဲပေါ်က နွားနို့ခွက်ကိုင်ကာ ပြောလာသည့် အကိုကြီး ရိချန် ကြောင့် ရိပေါ်ကစာကျက်ရင်း ခေါင်းငြိမ့်ပြလာသည်။
ထို့နောက် နွားနို့ခွက်ဟာ ရိပေါ့် ခေါင်းတည့်တည့်နေရာယူသွားပြီးနောက်
YOU ARE READING
Dear Uncle Wang [Complete]
Fanfictionချစ်သော ဦးဝမ် ... ချစ်သော ဦးဝမ် ... Zsww Fanfiction XiaoZhan (Seme ✅) WangYibo (uke ✅) Read info or tags . If you don't like . Don't read my story or mute . Don't give me annoying . Start date - 25.4.2022 End date- 30.5.2022 @kyar_nge