Ep-5

4.6K 278 24
                                    

Uni

__________

" ကိုယ့်ကို လွှတ်ပါအုံးလား ရှောင်းငယ်"

* ဖြစ်နိုင်ရင်တဘဝစာလုံး ဖက်ထားချင်တာပါဗျ ဦးဝမ်ရယ် *

ရှောင်ကျန့်သည် ဝမ်းနည်းစွာတွေးရင်း ဦးဝမ်ပေါ်က လက်များကို ဖယ်ချလိုက်သည်။
ခုန က အကျီလျှော်တာ ဗရုတ်သုတ်ခနဲ့ အကုန်ရေတွေစိုကုန်လို့ ချွတ်လိုက်ခြင်းပင်
ထို အချိန် တီလေးနဲ့ ဖုန်းပြောနေတာကြောင့် အဝတ်ပြန်ဝတ်ဖို့ မအားလိုက်
အနွေးပေးစက်ဖွင့်ထားတာကြောင့် အဝတ်တွေချွတ်ထားတဲ့ ရှောင်ကျန့်က မအေးပေမယ့် ဦးဝမ်ကတော့ မျက်နှာကလေးနီရဲနေသည်မှာ အသဲယားစရာ
အဟက် ဦးဝမ်က ရှက်တတ်ပါသေးသည်။

" ဦးဝမ် ဘာဖြစ်လို့လည်း "

"ဟိုဟို မင်း မားမား "

"အင်း ကျွန်တော် သိတယ်လေ "

ရှောင်ကျန့်သည် ဦးဝမ်အားပြောရင်း
ဗီရိုကိုမွှေနှောက်နေသည်။
ရိပေါ်သည် ကြောက်သောစိတ်ဖြင့်သာ ရှောင်းငယ်ဆီရောက်လာတာ ခုတော့ မည်သည့်အကြောင်းပြချက်နဲ့ နေရမလည်း မသိတော့ပေ။ မျက်လုံးတွေ တောင်ရွေ့ မြောက်ရွေ့နဲ့ အကျပ်ရိုက်နေတဲ့ ဦးဝမ်ရုပ်လေးက အသဲယားစရာပေမို့ ရှောင်ကျန့် ဗီရိုမှီကာ လက်ပိုက်လို့ကြည့်နေမိသည်။

"မလိုက်သွားဘူးလား "

"ဟင့်အင်း တီလေးကပြောတယ် မလာနဲ့တော့တဲ့ နောက်ပြီး မားမားက ဒီလိုခနခနဖြစ်နေကြရယ် သက်သာနေပြီဆိုလို့ အပြင်မှာလဲ နှင်းက အတော်ကိုကျနေတာကားထွက်ဖို့အဆင်မပြေလောက်ဘူး "

ရှောင်ကျန့်၏ ရှင်းပြမှု အရှည်ကြီးနောက်မှာရိပေါ်က ပေါက်စကလေးလို ခေါင်းတငြိမ့်ငြိမ့်နဲ့
လုပ်နေတုန်း တစ်ခြမ်းစောင်းကာပြုံးလာသော ရှောင်ကျန့်က လူယုတ်မာအတွေးတို့ဖြင့်

" ဒါဆို ဦးဝမ်က တစ်ယောက်တည်း ကြောက်လို့ ရောက်လာတယ် ဆိုပါတော့ "

"ဟင် ..!!မ မဟုတ်ပါဘူး "

နားတွေ နီရဲကာ အတင်းငြင်းနေသော ဦးဝမ်သည် ရှောင်ကျန့်အတွက် တော့ လူကြီးယောင်ဆောင်ထားပါသည့်ကလေးငယ်တစ်ယောက်သာပေ ဖြစ်သည်။
မျက်ခုံးတစ်ဖက်ပင့်ကာ လက်ပိုက်ရင်းမေးလာသူကြောင့် ရိပေါ် ရင်ထဲ လိပ်ပြာတွေ ပျံကုန်တော့သည်။
ကိုယ်တော့ မင်းဆိုတဲ့ ဝဲဂယက်ကနေမလွတ်မြောက်နိုင်တာ သေချာသွားပါလား ရှောင်းငယ်

Dear Uncle Wang [Complete]Where stories live. Discover now