Ep-21

2.5K 168 19
                                    

Uni

_____________

"မောင်မအိပ်သေးဘူးလား မနက်ဖြန် ပွဲရှိတာကို ယမ် အားကျန့်ကို စောင့်ပေးမယ်လေ"

ခေါင်းခါ ရမ်းနေရှာသော မောင်အား ယွိယမ်နားလည်ပါတယ်။ ချစ်သူအနားရှိနိုင်မယ့် နောက်ဆုံးညလေးကို ဘယ်သူကမှ ခပ်မြန်မြန် မကုန်ဆုံးချင်ကြဘူးလေ
မောင်ဟာ အားကျန့်လက်လေးကို မဝံ့မရဲလေး ကိုင်ရင်း ယွိယမ်အား အားနာငဲ့ညှာသော မျက်ဝန်းတွေနဲ့စိုက်ကြည့်နေရှာ
ဒီလိုတော့ မကြည့်ပါနဲ့လား ယမ့်မှာလည်း ခံနိုင်ရည်မရှိဘူး အမျိုးသားရယ်

" မောင်က အားကျန့်ကို သိပ်ချစ်တာဘဲ "

"တောင်းပန်ပါတယ်ယမ် ကိုယ်ဟာ ခင်ပွန်းသည်တစ်ယောက် တာဝန် မကျေနိုင်ခဲ့လို့ "

ခပ်ပြုံးပြုံးကလေး ခေါင်းရမ်းပြလာတဲ့
ယွိယမ်၏ မျက်ဝန်းအိမ်၌ ဝမ်းနည်းမှုနဲ့ နာကျင်မှုတွေ ပေါင်းစပ်ထားတဲ့ မျက်ရည်အချို့ ခိုအောင်းနေခဲ့ရှာသည် ။
အဝေးကနေ ပိုင်ဆိုင်ခွင့်မရဘဲ ငေးကြည့်ရမယ်ဆို‌ရင်တောင် တဘဝစာလုံးဆိုရင်တောင် နာကျင်မှုက ခုလောက်ဆိုးလိမ့်မယ်ဟု ယွိယမ် မထင်ပါ

" ဒီည မောင်စောင့်မယ် ဆိုရင်လည်း ယမ် ပြန်တော့မယ်လေ "

"အင်း "

ယမ် ထွက်သွားတာနဲ့ မောင်ဟာ အားကျန့်၏ လက်ကလေးကို နမ်းရှိုက်ရင်း ငိုနေခဲ့ပါသည်။
ဒီလိုဆိုတော့လည်း ချစ်သူ အတွက်စိတ်မကောင်းနိုင် အိပ်နေတဲ့ ကောင်လေးက အေးအေးလူလူ
ရိပေါ်သည် မျက်ရည်များသာ ကျနေတာ အသံက ထွက်မလာ သူ့ရဲ့ ရှောင်းငယ်အိပ်နေရာကနေနိုးသွားမှာကို စိုးထိတ်လွန်းလို့

" ကိုယ် မင်းကို ချစ်ပါတယ် ရှောင်းငယ် "

တိတ်ဆိတ်လှတဲ့ အမှောင်ယံမှာ ပဲ့တင်သံ ထပ်သွားတဲ့ အချစ်စကားသံဟာ
အထီးကျန်စွာ အဖော်မဲ့လို့
ရိပေါ်ဘဝ တစ်ခုလုံးစာ ချစ်ရတဲ့ မားမားက သူ(မ) မဆုံးပါးခင်မှာခဲ့တဲ့ ကတိလေး တစ်ခုဟာ ပါးပါး ဆန္ဒတွေ လိုက်လျောဖို့ပါတဲ့လေ
ဘယ်လိုတောင် ရယ်စရာမကောင်းတဲ့ဟာသတွေမို့လို့လဲ
ရိပေါ် ခုလို လုပ်နေတာတွေကလည်း မားမား ဆန္ဒတွေ တစ်စိတ် တစ်ပိုင်းဖြည်းရင်း
ဝမ် မိသားစု ကို နင်းခြေချင်လို့ပင်

Dear Uncle Wang [Complete]Where stories live. Discover now