Uni
____________
အလုပ်သွားဖို့ ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးလိမ်းနေတဲ့ ရိပေါ်အား ယွိယမ်သည်
ကုတင်ပေါ်ကနေ ငေးငိုင်စွာ ကြည့်နေခဲ့သည်။
အားကျန့်က အရူးကလေးပင်
ခေါ်သွားပြီးမှ ပြန်လွှတ်ခဲ့သည်တဲ့လား" ယမ် ဆေးရုံ မသွားဘူးလား "
"ဒီနေ့ ဂျူတီလဲထားတာ အပြင်သွားစရာရှိလို့"
"အော် "
ရိပေါ်သည် ထိုသို့သာ ဆိုပြီးေနာက် အခန်းထဲမှ ထွက်သွားခဲ့တော့သည်။
ဘာတွေကြံေနလည်းဆိုတာတော့ ထို အမျိုးသားနှစ်ယောက်ကလွဲလို့ မည်သူကမှ မသိနိုင်ခဲ့ပါ။
ယွိယမ်လည်း ရှုပ်ထွေးလွန်းတဲ့ အတွေးတွေကို ခေါင်းခါကာ ဖယ်ထုတ် လိုက်ပြီးနာရီ တစ်ချက်ကြည့်ကာရေချိုးခန်းထဲ ဝင်သွားတော့သည်။" ရှင်းရှင်းကစောသားဘဲ "
" အလုပ်ရှင်ထက် ဘယ်နောက်ကျလို့ ဖြစ်ပါ့မလည်း"
ဘယ်သူကိုမှ လက်လွဲလို့မရမယ့် အတူတူ
ဝမ်ရှင်းလျန်ကသာ ရှိတော့တာမို့
Companyခွဲတွေကို ထို ကလေးမလေးဖြင့် ထိန်းခိုင်းထားရသည်။
ရှင်းလျန်က တော်ရှာပါတယ် သူ(မ)ရဲ့ အမှားတွေလည်း ဝန်ခံကာ တောင်းပန်ပြီးပြီမို့
ရှင်းလျန်နှင့် ရိပေါ်ကြားတွင် မောင်နှမ သံယောဇဉ်က လွဲလို့ အမုန်းတွေ မနာလိုခြင်းတွေ မရှိတော့ပေ" ဒါနဲ့ ရှင်းလျန် အလုပ်လုပ်တာ အမှားရှိရင် ထောက်ပြပေးပါအုံးနော် ကော "
" ရှင်းရှင်းကတော်ပြီးသား
ဒီမယ်ကြည့် ဒါက ဝယ်ယူသူ စာရင်းတွေ
ရှင်းရှင်း company ရဲ့ ပင်တိုင်model လုပ်လိုက်ကတည်းက မကျဆိုတာ မရှိဘူး "ရှင်းလျန်သည် laptopထဲတွင် မြင်လိုက်ရတဲ့ စိတ်ချမ်းသာ စရာ မြင်ကွင်းကြောင့်
သူ(မ) မျက်လုံး ပြူးပြူးကလေးများ မှေးကုန်သည် အထိ ပြုံးလာတော့သည်။" ဒါနဲ့ အကိုကြီးရိချန်ရော "
" ဟို ပါးပါးက ကောကို လူကြားထဲ မဟုတ်တရုတ်တွေပြောလိုက်လို့ အပန်းဖြေစံအိမ်မှာ သော့ခတ် ထားတယ် ပြောတယ်"
"အာ....."
လွတ်နေတဲ့ အတွင်းရေးမှူးဆိုတဲ့ ဆိုင်းဘုတ်ကလေးနဲ့ အလုပ်စားပွဲကြောင့် ဆိုကြည့်တော့
ကြားလိုက်ရတဲ့စကားတွေက ရိပေါ်ကို ဆွံ့အစေခဲ့တာ အမှန်ပါ
ပါးပါးကိုလည်း ဘယ်လိုမှနားမလည်နိုင်တော့ပေ ရှင်းလျန် ပြောင်းလဲသွားတာ နားလည်ပေး၍ ရသော်လည်း ပါးပါကတော့
ငယ်စဉ်ကတည်းက စိတ်ရော ကိုယ်ရော ဒဏ်ရာတွေ ပေးခဲ့တဲ့အရင်းအမြစ်သာ
YOU ARE READING
Dear Uncle Wang [Complete]
Fanfictionချစ်သော ဦးဝမ် ... ချစ်သော ဦးဝမ် ... Zsww Fanfiction XiaoZhan (Seme ✅) WangYibo (uke ✅) Read info or tags . If you don't like . Don't read my story or mute . Don't give me annoying . Start date - 25.4.2022 End date- 30.5.2022 @kyar_nge