Ep-12

2.9K 184 6
                                    

Uni

_______________

"ဘာပြောတာ !!!!"

တစ်ဖက်က ဖုန်းအား စကားပင် ပြန်မပြောနိုင်တော့  မက်ဆေ့ ပို့ထားတဲ့ လိပ်စာအတိုင်း သုတ်ခြေတင်ကာ ထွက်လာလိုက်တော့သည်။
ဘယ်လောက်တောင် အလျင်လိုနေလဲ ဆိုရင်း
သေချာ မတတ်ရသေးတဲ့ necktieက ကပိုကရို လူက CEO ပုံစံ ဝတ်ထားပြီး
ဖိနပ်က အိမ်နေရင်းအဝတ်ဖိနပ်ကောက်စွတ်လာသည်ထိ ရှောင်ကျန့်နှလုံးသားတွေထဲ ထိတုန်လှုပ်သွားအောင်စိုးရိမ်သွားရသည်။

" ဝမ်ရိပေါ်ရဲ့ အမျိုးပါ "

"အာ အခန်းနံပါတ်°°°ပါ "

စာရင်းကိုင်မလေး ပြောပြီးတာနဲ့ ရှောင်ကျန့် တစ်ချိုးတည်း ပြေးတော့သည်။
ကားကို ဘရိတ်ဖြုတ်ခံရတာတဲ့လား
မသေကောင်းမပြောက်ကောင်း
တီလေး ကို အသိပေးထားပေမယ့် ဂျူတီချိန်မို့သူလည်း ထွက်လာလို့ မရလောက်ပေ

" ဝုန်း!!!!"

"ရှောင်းငယ် အင့်!"

"စိတ်ပူသွားတာ ခင်ဗျားတစ်ခုခု ဖြစ်သွားမှာ"

တံခါးကို ဝုန်းခနဲ မညင်မသာ ဆွဲဖွင့်လာ မို့ မှေးနေတဲ့ ရိပေါ်မှာ လန့်ပြီး ထထိုင်မိသည်ထိ
ချွေးတွေနဲ့ အခန်းဝက လူကို မြင်တော့ တအံ့တဩ ဆိုနေတုန်း အင့်ခနဲ ထိုလူရွယ်ရဲ့ ရင်ခွင်ထဲ ဆွဲဖက်ခံလိုက်ရတော့သည်။
ရှောင်ကျန့်မှာ ဦးဝမ်အား ဆွဲဖက်ကာ တဖွဖွ စိတ်ပူကြောင်းဆိုနေခဲ့သည်။

" ကိုယ့်ကို လွှတ်ပါအုံး ရှောင်းငယ် "

"မရဘူး ခင်ဗျား ကျွန်တော့် မျက်ကွယ်ရာမှာ တစ်ခုခု ထပ်ဖြစ်သွားရင် ဘယ်လို လုပ်မလည်း ဦးဝမ် "

"ကိုယ်ပြောထားတာ မင်းဖက်ထားတာ ကိုယ်အသက်ရှူကျပ်နေလို့ပါ"

"အာ သွေ့ပုချီ "

စိတ်နဲ့လူနဲ့ မကပ်တဲ့ ရှောင်ကျန့်က ရိပေါ်စကားအား အဓိပ္ပာယ်လွဲကောက်ရင်း ပြောချင်ရာတွေ ပြောနေတော့သည်ဆိုတာ
ရှင်းပြလိုက်မှအာခနဲ လွှတ်ပေးလာသည်။
ထို့နောက် ရိပေါ် ကြည့်မိတော့လဲ အဲ့ အမျိုးသားမျက်ဝန်းတွေထဲ စိုးရိမ်မှုတွေ အပြည့်ပါ

Dear Uncle Wang [Complete]Where stories live. Discover now