Episode 1

22.5K 304 3
                                    

Unicode

Ep 1

Black Universityသည် စာတော်သောသူတို့တက်ရောက်ရာ Universityတစ်ခုလိုပင် ဖြစ်နေတော့သည် တက္ကသိုလ်ဝင်ခွင့် အမှတ်စာရင်းကလည်း မြင့်မားသောကြောင့် အမှတ်များတဲ့သူများသာ တက်ရောက်နိုင်သည်။ ထို Universityရှိ ကျောင်းသူ ၊ ကျောင်းသားများထဲတွင် နာမည်ကြီးသော ကျောင်းသားတစ်ယောက်လည်း ရှိလေသည်။ ကျောင်းရှိမိန်းကလေးတွေထဲတွင် "အာဏာ" ဟုကျော်ကြားပြီး မိန်းကလေးတိုင်း၏ အသည်းစွဲလူသားလေး "ရတုအာဏာ" ဖြစ်လေသည်။

ရတုအာဏာ ဘယ်လောက်တောင် ကျော်ကြားလဲဆိုရင် ကျောင်းတွင်ရတုအာဏာ၏ အသေးအမွှားကိစ္စ ၊ ကောင်းခြင်း ၊ ဆိုးခြင်းသတင်းကအစ အကုန်သိရလေသည်။ ရတုအာဏာ ဘယ်နားလေးမှာ ဘယ်သူ့ကိုထိုးလိုက်တယ်။ ဘယ်သူက ခေါင်းပေါက်သွားတယ်။ ဘယ်သူက လက်ကျိူးသွားလို့ ကျောက်ပတ်တီးစီးလိုက်ရတယ် စသည့်သတင်းတွေက မကြားချင်မှအဆုံး ကြားနေရလေသည်။ ချမ်းသာပြီး ရုပ်ချောသော Black Universityရှိ Major King‌တွေထက်ပင် Popularအဖြစ်ဆုံး အချေကိုယ်တော် Kingလေးကိုမှ ချစ်သူတော်ချင်ကြတဲ့ မိန်းကလေးတွေကလည်း Black Universityအတွင်းရှိ မိန်းကလေးတိုင်းလိုလိုပင် ဖြစ်နေတော့သည်။

"ဟေ့ရောင်တွေ ဒီနေ့ငါတို့အတန်းကို ဆရာမအသစ်ရောက်မယ်တဲ့ .."

"မင်းက ဘယ်လိုသိတာလဲ .."

"မင်းတို့လိုအတန်းမတက် ကလေကချေထင်နေတာလား ငါ့ကို .."

တိုးတက်‌မောင် ထိုသို့ပြောလိုက်မှသာ အာဏာပြုံးပြလိုက်လေသည်။ အာဏာတို့အဖွဲ့ထဲတွင် တိုးတက်မောင်က စာအတော်ဆုံးဖြစ်လေသည်။ ကျန်တဲ့ ရတုအာဏာ ၊ လေပြေမင်းမြတ် နဲ့ ကောင်းမြတ်ဦးတို့ကသာ စာနဲ့ပတ်သက်ရင် ဖြစ်သလိုလုပ်ကြသည်။

"အေးပါကွာ မင်းအဲ့ဒါနဲ့ပတ်သက်ရင် ငါတို့ကိုအသေနှိမ်တယ်ကွာ အား .. ဒီရင်ဘက်က မခံစားနိုင်တော့ဘူး ..."
"....."

လေပြေမင်းမြတ်က သူ့ရင်ဘက်သူပုတ်၍ ပြောလိုက်တော့ သူတို့တစ်ဖွဲ့လုံး လေပြေကိုကြည့်၍ ရယ်လိုက်ကြတော့သည်။

"ဟုတ်တယ်အဲ့သတင်း ငါလည်းကြားတယ်ကွ ဆရာမကအသက်က‌တော့ ငယ်သေးတယ်တဲ့ ငါတို့ထက်ဆို 3နှစ်လောက်ကြီးမယ်ထင်တယ် .."

𝑴𝒂𝒖𝒏𝒈'𝒔 𝑾𝒊𝒇𝒆 , (𝑵𝒐𝒓𝒎𝒂𝒍) {𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅...}Where stories live. Discover now