Episode 20 End

7.1K 105 2
                                    

Ep 20

"မောင် အမိန့်လှရဲ့လား အမိန့်ကသားလေးကို မွေးထားတော့ အရင်ကလောက်တော့ လှတော့မှာမဟုတ်ပါဘူးလေ .."

အာဏာတစ်ယောက် အမိန့်ကိုကြည့်၍ ရယ်နေလိုက်သည်။ အမိန့်က ကလေးတစ်ယောက်လို နှုတ်ခမ်းလေးစူ၍ အာဏာ့ကိုပြောနေတာ ဖြစ်သည်။

"အမိန့်ကလေးတွေ ဘယ်လောက်မွေးမွေး မောင့်ရဲ့အမိန့်ကလှပြီးသား ‌ပြီးတော့မောင့်မျက်လုံးထဲမှာ ထာဝရလှနေမယ့် မောင့်ရဲ့ဘုရင်မပဲ ဟောဒီအမိန့်လေးက .."

အာဏာက အမိန့်ရဲ့မေးဖျားလေးကိုကိုင်၍ မျက်လုံးချင်းဆုံပြီး ပြောလိုက်တာဖြစ်သည်။ ထိုအခါမှအမိန့်ရဲ့ မျက်နှာလေးက ပြုံးလာခဲ့သည်။

အမိန့်က ကလေးမွေးပြီးမှကို အရင်ကထက် ပို၍ပို၍လှလာပါသည်။ အာဏာခမျာလည်း အမိန့်ကိုတစ်ခြားသူတွေ မမြင်နိုင်အောင်ပင်ဖွက်၍ သိမ်းထားလိုက်ချင်သည်။ အာဏာကတော့ တစ်နေ့တစ်နေ့ အမိန့်နဲ့သားလေးကို ချစ်လို့မဝနိုင်ကို ဖြစ်နေလေပြီ။

သားလေးကိုလည်း မောင်ကအနောက်တိုင်းဝတ်စုံ အနက်ရောင်လေး အထူးအော်ဒါမှာပြီး ချုပ်ပေးထားတာ ဖြစ်သည်။ necktie အနက်ရောင်လေးတွေဖြင့် သားလေးနဲ့မောင်က အ‌နောက်တိုင်းဝတ်စုံကို အတူတူဝတ်ထားကြတာ ဖြစ်သည်။ အမိန့်ကတော့ အဖြူရောင်ဝမ်းဆက် မြန်မာဝတ်စုံကိုသာ ဝတ်ဆင်ထားတာဖြစ်ပြီး ဖြူဖွေးသောလည်တိုင်တွင် မောင်ဝယ်ပေးတဲ့ စိန်ဆွဲကြိုးလေးကိုသာ ဝတ်ဆင်ထားသည်။

"အမိန့်မောင့်ကို ဆံပင်တွေလုပ်ပေးပါအုံး .."

မောင်ကအားလုံး ပြင်ဆင်ပြီးပေမယ်လည်း ဆံပင်ကိုတော့ အမိန့်ကိုဖြီးခိုင်းတာ ဖြစ်သည်။ အမိန့်လည်းမောင့်ရဲ့ ဆံပင်တွေကို သေချာဖီးပေးပြီး ရင့်ကျက်တဲ့လူကြီးတစ်ယောက်လို ပြင်ဆင်ပေးလိုက်သည်။

"‌ရပြီ အခုမှပဲမောင်က လူကြီးတစ်ယောက်လိုမျိုး ချောမောသွားပြီ .."

"ပြောပါအုံး အရင်ကရောမောင်က ဘယ်လိုပုံစံမျိုးနဲ့ ချောတာလဲ .."

"အရင်က Black University Kingအဖြစ်ချောပြီး အခုကအမိန့်သား‌လေး အဖေအဖြစ် ခံညားချောမောနေတာ .."

𝑴𝒂𝒖𝒏𝒈'𝒔 𝑾𝒊𝒇𝒆 , (𝑵𝒐𝒓𝒎𝒂𝒍) {𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅...}Where stories live. Discover now