Episode 6

5.1K 135 1
                                    

Ep 6

"အာဏာ စေ့စပ်ပွဲအပြင်အဆင်အတွက် ငါတို့နဲ့သိတဲ့အစ်ကိုကြီးကိုပဲ joinလိုက်မယ်နော် .."

"အင်း ပန်းတွေကစအဖြူရောင်ပဲ သုံးမှာလို့ပြောလိုက် ဧည့်သည်တွေထိုင်ဖို့ ထိုင်ခုံအစွပ်တွေရော စားပွဲခင်းရော အကုန်အဖြူပဲလို့ ပြီးတော့လှပအောင် သေချာပြင်ပေးလို့ တစ်ခါထဲပြောလိုက် .."

မိဘတွေပေးစားတာကြောင့်သာ လက်ထပ်ရမယ့် အာဏာ့ကိုကြည့်ပြီး အာဏာ့သူငယ်ချင်းတွေ မျက်စောင်းထိုးနေကြသည်။

"ဒါတောင်မိဘတွေလက်ထပ်ပေးလို့ သူကိုယ်တိုင်သာချစ်ပြီး လက်ထပ်ချင်ရင် ဘယ်လိုနေမလဲမသိဘူး .."

"အေးလေအာဏာစုတ် ကဲကဲသဲသဲနဲ့ ဘယ်သူကရော သူ့မင်္ဂလာပွဲကို ဖြစ်သလိုလုပ်ပေးမှာမို့လို့လဲ .."

"ဟေ့ကောင်တွေ ပန်းကန်ကိုလည်း အဖြူရောင်လေးတွေ မှာလိုက်နော် .."

"လီးပဲဟေ့ လီးပဲ စောက်ဆရာကြီးကို လုပ်လွန်းတယ် မင်းတစ်ပွဲလုံးအဖြူ ဖြစ်စေချင်တယ်မို့လား စိတ်ချတစ်ပွဲလုံးအဖြူ ဖြစ်နေစေရမယ် .."

ဒီနေ့စနေနေ့ကျောင်းပိတ်ရက်လည်းဖြစ် မနက်ဖြန်တွင်လည်း စေ့စပ်ပွဲရှိတာကြောင့် အာဏာတို့အိမ်တွင် အာဏာ့သူငယ်ချင်းတွေ ရှိနေကြတာဖြစ်သည်။ သူငယ်ချင်းတွေကလည်း အာဏာကဲသဲနေတာကိုသာ စောက်မြင်ကပ်နေကြတာဖြစ်ပြီး အာဏာ့အကြိုက်ကိုတော့ လိုက်လုပ်ပေးကြပါသည်။

"ဪ ကောင်းမြတ်တို့အဖွဲ့ပါလား မင်းတို့သူငယ်ချင်းရော .."

"ဆရာမပါလား အာဏာကတော့အခုတင် အိမ်ထဲဝင်သွားတယ် သူတစ်‌ယောက်ထဲနဲ့ကို ပြာယာကိုခတ်နေတာပဲ ဆရာမရေ .."

"ဒါဆိုအမိန့်သွားလိုက်အုန်းမယ် အားနာပေမယ့် ကူညီပေးကြပါအုန်းနော် အကူအညီတောင်းပါတယ် .."

"စိတ်ချဆရာမ ကျွန်တော်တို့သူငယ်ချင်းကြီးအတွက် ကျွန်တော်တို့ကအစွမ်းကုန်ကို ကူညီပေးအုန်းမှာ .."

"ကျေးဇူးပါရှင့် .."

အမိန့်လည်း အာဏာ့သူငယ်ချင်းတွေနဲ့ စကားပြောပြီးနောက် အာဏာ့ဆီကို သွားလိုက်လေသည်။ အာဏာ့အိမ်ထဲတွင် အမိန့်မိဘတွေနဲ့ အာဏာ့မိဘတွေကလည်း လုပ်စရာရှိတာကို လုပ်နေကြသည်။

𝑴𝒂𝒖𝒏𝒈'𝒔 𝑾𝒊𝒇𝒆 , (𝑵𝒐𝒓𝒎𝒂𝒍) {𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅...}Tahanan ng mga kuwento. Tumuklas ngayon