Episode 2

7.7K 185 4
                                    

Ep 2

"သမီးကျောင်းမှာ အာဏာလေးကို ဂရုစိုက်လိုက်ပါအုန်းကွယ် .."

"ဟုတ်မေမေ အန်ကယ်ကလည်း အာဏာ့ကို အမိန့်ဆီမှာ အပ်ထားပါတယ် .."

"အာဏာလေးက စာတော်််တယ်သားနဲ့ ဆိုးနေတာပါကွယ် သူစာလုပ်ချင်အောင် သမီးကပြောလိုက်ပါအုန်းကွယ် .."

"အမိန့်ကြိုးစားကြည့်ပါမယ် မေမေ .."

"အေးကွယ် သမီးအန်တီယုကလည်း သမီးလေးကိုပဲ အားကိုးနေတာ .."

"တစ်ကျောင်းလုံးမှာ ချေနေတဲ့သူဆိုတော့ ပြောရတာလက်ပေါက်ကပ်တယ် မေမေရဲ့ .."

"သမီးကစိတ်ရှည်ရှည်နဲ့ ဖြောင်းဖြပေးလိုက်ပါလို့ မေမေပြောချင်တယ် .."

"အင်းပါသမီး ပြောကြည့်လိုက်ပါ့မယ် .."

အမိန့်‌ မေမေတို့နဲ့ စကားပြောပြီးတော့ အိမ်ပေါ်သို့တက်လာခဲ့ပြီး ဝရံတာရှိ ခုံလေးပေါ်တွင်
ထိုင်၍ စာအုပ်ဖတ်နေပြီး လေညင်းခံနေလိုက်သည်။ ဝရံတာတွင် တပ်ထားသော မီး‌ပန်းကလည်း အလင်း‌ရောင်ကို ကောင်းစွာပေးနေလေသည်။ အမိန့်လည်းစာအုပ်ဖတ်ရင်း လေတဖြူးဖြူးဖြင့် အေးနေပြီး အိပ်ပျော်သွားတော့သည်။

အာဏာ အိမ်ပြန်ရောက်ချိန်တွင် ကားကိုဂိုဒေါင်ထဲ ထိုးပြီးတာနဲ့ ကိုယ့်အခန်းရှိရာဆီသို့ တက်လာခဲ့လိုက်သည်။ အမိန့်တို့ အိမ်ဘက်ကြည့်လိုက်တော့ အမိန့်နေခဲ့တဲ့အခန်းတွင် မီးဖွင့်ထားသည်ကို မြင်ရသည်။

"ဒီအချိန်ထိတောင် မအိပ်သေးတာလား .."။

အာဏာလည်း သူ့အခန်းရှိ ပြတင်းပေါက်နားလေးအထိသွား၍ ကြည့်လိုက်တော့ ဝရံတာတွင် အိပ်ပျော်နေသော အမိန့်အား တွေ့လိုက်ရလေသည်။

"အော် လက်စသတ်တော့ ဝရံတာမှာစာအုပ်ဖတ်ရင်း အိပ်ပျော်နေတာကို .."

ထိုစဉ် ရတုအာဏာတစ်ယောက် အောင်နိုင်သူအပြုံးကြီးဖြင့် အကြံတစ်ခု ရသွားလေသည်။

"အား .."

အမိန့်အိပ်ပျော်နေရင်း ခေါင်းကိုတစ်ခုခုဖြင့် အပေါက်ခံလိုက်ရသည်။ ကြည့်လိုက်တော့ စက္ကူလုံးတစ်ခု တွေ့ရလေသည်။ စက္ကူကိုကောက်ကြည့်လိုက်တော့ အထဲတွင်ဖန်လုံးလေး တစ်လုံးပါနေသေးသည်။ စက္ကူတွင်လည်း စာအချို့ပါနေသေးသည်။

𝑴𝒂𝒖𝒏𝒈'𝒔 𝑾𝒊𝒇𝒆 , (𝑵𝒐𝒓𝒎𝒂𝒍) {𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅...}Where stories live. Discover now