Ep 5
နေမြင့်မှအိပ်ယာထတတ်တဲ့ အာဏာတစ်ယောက် ယခုတွင်တော့ တက်ကြွ၍ မနက်စောစော အိပ်ရာထနေလေပြီ။
"Wow .. 5နာရီခွဲပဲ ရှိသေးပါလား ငါထတာစောနေမလား ... မစောလောက်ပါဘူးလေ မိဘတွေစိတ်ချမ်းသာဖို့ပဲလေ မဟုတ်ဘူးလား .."
အာဏာရေချိုးခန်းထဲဝင်ပြီး သွားတိုက်ပြီး ရေတစ်ခါထဲချိုးလိုက်လေသည်။ သူ့ပုံသူမှန်ထဲပြန်ကြည့်၍ ...
"နှုတ်ခမ်းမွေးတွေတောင် နည်းနည်းထွက်နေသလိုပဲ တစ်ခါထဲရေချိုးရင်း ရိတ်လိုက်ပါအုန်းမယ်လေ .."
အာဏာတစ်ယောက် နှုတ်ခမ်းမွေးတွေကို သေချာရိတ်ပြီးတာနဲ့ ရေဆက်ချိုးလိုက်ပြီး ခေါင်းပါတစ်ခါထဲ လျှော်ခဲ့လိုက်သည်။ ရေချိုးပြီးတာနဲ့ ခါးတွင်သဘက်အဖြူရောင် တစ်ထည်ပတ်ခဲ့ပြီး အဝတ်အစားတွေကို ချိတ်နဲ့စနစ်တကျ ချိတ်ထားတဲ့အင်္ကျီထည့်ထားတဲ့ ဗီရိုကြီးကိုဖွင့်လိုက်ပြီး အပြာရင့်ရောင် ရှပ်အင်္ကျီလက်ရှည်လေးနဲ့ style pant အဖြူရောင်ဘောင်းဘီတစ်ထည်ကို ဝတ်ဆင်လိုက်သည်။
ရှပ်အင်္ကျီအပြာရောင်လေးကို style pantထဲထည့်၍ ဝတ်ထားသော အသက်20အရွယ် ရတုအာဏာတစ်ယောက် ငယ်ရွယ်ပျိုပျစ်မှုအပေါင်း သရဖူဆောင်းထားပြီး အတိုင်းအဆမရှိ ချောမောခံ့ညားနေသည်။ ရှပ်အင်္ကျီအပြာရောင်လက်ရှည်လေးက တံတောင်ဆစ်နားအထိခေါက်ထားတာကြောင့် ဖြူဖွေးသောလက်ပေါ်တွင် Rolexနာရီတစ်လုံးကြောင့်လည်း ရတုအာဏာပုံစံက စွဲဆောင်မှုရှိလှသည်။ ရက်တစ်ပတ်အနည်းငယ် အကြာတွင်လည်း လက်ချောင်းရှည်ရှည်သွယ်သွယ် လေးပေါ်သို့ လက်ထပ်လက်စွပ်လေးက ရောက်ရှိလာတော့မည် ဖြစ်သည်။
ဆံပင်ကို နဖူးပေါ်တွင် ကပိုကရိုလေးချထားတာကြောင့် မျက်နှာရှည်ရှည်သွယ်သွယ်လေးနဲ့ လိုက်ဖက်စွာ တည်ရှိနေသည်။ နှုတ်ခမ်းလေးတွေကလည်း စိုပြေနေပြီး နှုတ်ခမ်းဘေးနားလေးတွင် မှဲ့သေးသေးလေးတစ်လုံးလည်း ရှိနေသေးသည်။
အာဏာ အကုန်လုံးပြင်ဆင်ပြီးချိန်တွင် 6နာရီပင်ခွဲတော့မည် ဖြစ်သည်။ အာဏာအိမ်အောက်ဆင်းလာချိန်တွင် ဒေါ်သဲသဲယုကလည်း သူမ၏သားကိုမြင်ပြီး အံ့ဩနေလေသည်။

YOU ARE READING
𝑴𝒂𝒖𝒏𝒈'𝒔 𝑾𝒊𝒇𝒆 , (𝑵𝒐𝒓𝒎𝒂𝒍) {𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅...}
Fantasyကျောင်းရဲ့အချေကိုယ်တော် Kingကြီး ရတုအာဏာ နဲ့ တက္ကသိုလ်ဆရာမလေး အမိန့်အာဏာ တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ Title : Maung's Wife Main Role : YaTu ArNar ၊ AMaint ArNar တက္ကသိုလ်ဆရာမလေး အမိန့်အာဏာ နဲ့ ကျောင်းရဲ့အချေကိုယ်တော် Kingကြီး ရတုအာဏာ တို့ရဲ့ အချစ်ဇာတ...