Ep 13
"အမိန့်ရေ ငါတို့ရောက်ပြီဟေ့ .."
အမိန့်ရဲ့သူငယ်ချင်းတွေ လူထက်အသံကအရင် ရောက်လာလေသည်။ သုံးယောက်လုံးကို လုပ်ကူကိုင်ကူရော ခေါ်ထားတာကြောင့် ဖိတ်ထားတဲ့ ဧည့်သည်တွေမလာခင် ရောက်လာကြတာဖြစ်သည်။
"လာကြ ငါနင်တို့ကိုစောင့်နေတာ .."
"အိုး အချောလေးသုံးယောက်ရော ရောက်နေကြတာလား .."
ဆောင်းနှင်းမြိုင်တို့ကတော့ အိမ်ထဲဝင်ဝင်ချင်းကို အာဏာ့သူငယ်ချင်းတွေကိုမြင်တော့ တန်းစနေတော့သည်။ ဟိုသုံးယောက်ကလည်း ထမင်းပွဲတွေပြင်ဆင်ရင်း ရှက်နေကြသေးသည်။ အမိန့်သူငယ်ချင်းတွေကတော့ မလွယ်ကြပါလားနော်။
အမိန့်တို့ကဘုန်းကြီးငါးပါးရော ပင့်ဖိတ်ထားတာကြောင့် ပရိတ်ရွတ်တရားနာပြီး ဘုန်းကြီးတွေကိုဆွမ်းကပ်မှာ ဖြစ်သည်။
"အမိန့် ငါလျှူဖွယ်ပိုက်ဆံလေး တစ်ပါးကိုတစ်သောင်းစီ ထည့်ချင်လို့ ရော့ငါးသောင်း တစ်ပါးတစ်သောင်းစီထည့်ပေး .."
သီရိစံက အလျှူအတန်းဆို အခုလိုလျှူနေကြ ဖြစ်လေသည်။ အမိန့်တို့အထက်တန်းကျောင်းတုန်းက ကျောင်းမှာအလျှူပွဲတွေရှိလို့ ပိုက်ဆံအလျှူခံရင် သူမကအများဆုံး ထည့်တတ်သေးသည်။
"အေးအေးပေး ငါအိမ်ကကပ်မယ့်ပိုက်ဆံတွေက ရောထည့်လိုက်မယ် .."
"အာဏာ့သူငယ်ချင်းတွေနဲ့ ဘုန်းကြီးပွဲအတွက် ထမင်းကူပြင်ပေးထားအုန်း .."
"အေးအေး အဲ့ဒါဆိုငါတို့မီးဖိုထဲ သွားလိုက်ကြအုန်းမယ် .."
အမိန့်သူငယ်ချင်းတွေ လုပ်ကူနေတာနဲ့ အမိန့်လည်းလုပ်စရာရှိတဲ့ တစ်ခြားအလုပ်တစ်ခုကို လုပ်နေလိုက်သည်။ အာဏာကလည်း ဘုန်းကြီးတွေကို သွားပင့်နေတာဖြစ်သည်။
"သမီး သားကို ဘုန်းကြီးတွေကို ပင့်ခိုင်းပြီးပြီလား နောက်ကျနေအုန်းမယ်နော် .."
"သွားပင့်နေပြီ မေမေ .."
"သမီးအိမ်ထောင်ရှင်မ တာဝန်တွေကို အကုန်လုံးလုပ်ပေးရမယ်နော် ဇနီးကောင်း၊ ချွေးမကောင်းတစ်ယောက် ဖြစ်အောင်နေရမယ်နော် .."
![](https://img.wattpad.com/cover/309030016-288-k332971.jpg)
YOU ARE READING
𝑴𝒂𝒖𝒏𝒈'𝒔 𝑾𝒊𝒇𝒆 , (𝑵𝒐𝒓𝒎𝒂𝒍) {𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅...}
Fantasyကျောင်းရဲ့အချေကိုယ်တော် Kingကြီး ရတုအာဏာ နဲ့ တက္ကသိုလ်ဆရာမလေး အမိန့်အာဏာ တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ Title : Maung's Wife Main Role : YaTu ArNar ၊ AMaint ArNar တက္ကသိုလ်ဆရာမလေး အမိန့်အာဏာ နဲ့ ကျောင်းရဲ့အချေကိုယ်တော် Kingကြီး ရတုအာဏာ တို့ရဲ့ အချစ်ဇာတ...