Episode 14

6.6K 116 0
                                    

Ep 14

အာဏာ့သူ့ရင်ခွင်ထဲတွင် အိပ်ပျော်နေသော အမိန့်ကိုကြည့်၍ ပြုံးလိုက်သည်။ အမိန့်ကတော့ အာဏာရင်ခွင်ထဲတွင် အိပ်ပျော်နေဆဲဖြစ်လေသည်။ အာဏာသည် အမိန့်ရဲ့မျက်‌နှာလေးအနှံ့ အနမ်း‌တွေခြွေနေလိုက်သည်။ အာဏာ နှုတ်ခမ်းလေးကိုနမ်းနေချိန် အမိန့်ကလည်း နိုးလာခဲ့ပြီဖြစ်သည်။

"Morning အမိန့် .."

"Morning အာဏာ .."

"နိုးနေတာ ကြာပြီလားအာဏာ .."

"အခုတင်လေးနိုးလာလို့ အမိန့်ကိုနမ်းနေတာလေ .."

အာဏာကို အမိန့်မျက်စောင်းလေးထိုး၍ ကြည့်လိုက်သည်။ အာဏာကတော့ အမိန့်ကိုကြည့်၍ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

"အသည်းယားအောင် မလုပ်နဲ့နော် ကျွန်တော်ကညကလည်း အားတွေကကုန်သေးတာ မဟုတ်ဘူး အမိန့်ကိုသနားလို့ အလျော့ပေးထားတာ .."

"ထရအောင်လေ ချောင်းသာလည်း သွားရအုန်းမှာနဲ့ဆိုတော့ .." အမိန့်ကတော့ ရှက်ရှက်ဖြင့်စကားလမ်းကြောင်း လွှဲလိုက်လေသည်။

အာဏာက အမိန့်ခါးလေးကို ဖက်လိုက်ပြီး ...

"နေပါအုန်းအမိန့်ရဲ့ အစောကြီးပဲရှိပါသေးတယ် ချောင်းသာကိုက နေ့လည်တစ်နာရီမှ သွားမှာလေ .."

"ပြင်စရာရှိတာ ပြင်ဆင်ရအောင်လို့လေ အာဏာရဲ့ .."

"အဝတ်အစားလေး နည်းနည်းလောက်ပဲယူခဲ့ရမှာလေ ဘာမှပြင်ဆင်မနေပါနဲ့ အမိန့်ရယ် လိုအပ်တာတွေရှိရင် ဟိုရောက်မှကျွန်တော် ဝယ်ပေးမှာပေါ့ အမိန့်ကဘာမှပူစရာမလိုပါဘူး လူလေးလိုက်ခဲ့ရုံပဲ .."

"ဟုတ်ပါပြီ High Bossကြီးရယ် .."

"အမိန့် ကျွန်တော်အခုလို ကျောင်းသားတွေအများကြီးအတွက် တာဝန်ယူအကုန်အကျခံတာ အမိန့်မ‌နှမြောဘူးလား .."

"မနှမြောပါဘူး အမိန့်ရဲ့ယောကျာ်းက High Bossပဲဟာ ပြီးတော့ကျောင်းသားကျောင်းသူတွေလည်း ပိုက်ဆံအကုန်အကျ သက်သာတယ်လေ စာမေးပွဲပြီးပြီဆို‌တော့ သူတို့တွေလည်း သွားချင်မှာပဲလေ အမိန့်USမှာနေတုန်းကတောင် USမှာအနှံ့ကို လျှောက်လည်ခဲ့တာပဲလေ အမိန့်ကိုယ်ချင်းစာပါတယ် .."

𝑴𝒂𝒖𝒏𝒈'𝒔 𝑾𝒊𝒇𝒆 , (𝑵𝒐𝒓𝒎𝒂𝒍) {𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅...}Dove le storie prendono vita. Scoprilo ora