Episode 18

4.5K 94 3
                                    

Ep 18

အမိန့်တို့ရဲ့ပထမဆုံး ရင်သွေးလေးကို9လလွယ်၍ 10လထဲသို့ရောက်သောအခါ မွေးဖွားတော့မည် ဖြစ်သည်။ အမိန့်တို့ရဲ့သားဦးလေးကို မွေးဖွားတော့မည်ဖြစ်တာကြောင့် အမိန့်တို့ဆေးရုံသို့ ရောက်နေပြီဖြစ်သည်။ ‌အမိန့်ကသားလေးကို ခွဲ၍မမွေးပဲ ရိုးရိုးသာမာန်သာ မွေးဖွားမည်ဖြစ်သည်။ အမိန့်ကိုမွေးပေးမယ့် ဆရာဝန်တွေနဲ့ သူနာပြုတွေလည်း ရောက်နေကြပြီဖြစ်သည်။

အမိန့်ကဗိုက်နာနေတာကြောင့် မွေးမယ့်အချိန်ကို စောင့်နေကြတာဖြစ်သည်။ အမိန့်မွေးချင်တာနဲ့ ဆရာဝန်တွေနဲ့သူနာပြုတွေက လိုအပ်တာကို လုပ်ပေးရန်စောင့်နေကြတာ ဖြစ်သည်။

"မေမေ အမိန့်အဆင်ပြေမှာပါနော် .."

"အဆင်ပြေမှာပါသားရယ် မစိုးရိမ်ပါနဲ့ သားဖေဖေရဲ့အသိ ဆရာဝန်မကြီးကိုယ်တိုင် မွေးပေးတာပဲလေ .."

မေမေက အမိန့်ကိုစိတ်ပူနေတဲ့ အာဏာ့ကိုအားပေးနေရှာသည်။ အမိန့်မေမေကလည်း ဘုရားစာတွေ ရွတ်ဖတ်နေသည်။ ဖေဖေတို့ကလည်း ဘာမှမပြောပေမယ့် စိုးရိမ်နေကြတာဖြစ်သည်။

မွေးခန်းထဲတွင်တော့ ...

"ဒေါက်တာဗိုက်က အရမ်းနာနေပြီ မွေးတော့မယ်ထင်တယ် .."

"မွေးတော့မှာဆိုရင် အားထည့်ပြီးညှစ်လိုက်သမီး အန်တီပြောသလိုလုပ်နော် .."

ဒေါက်တာကို အာဏာ့ဖေဖေကိုယ်တိုင် ဌားထားတာကြောင့် ဒေါက်တာကအမိန့်ကို အရမ်းပင်ဂရုစိုက်နေသည်။

"အား ဒေါက်တာ နာတယ် .."

"သမီးအားထည့်ပြီး ညှစ်လိုက် .."

"......"

"......."

"အူဝဲ အူဝဲ ..."

နောက်ဆုံးတွင်တော့ အမိန့်သားလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီ ဖြစ်သည်။ ဒေါက်တာက သားလေးကိုသန့်ရှင်းရေး လုပ်ပေးပြီးတာနဲ့ အနှီးထုတ်ထဲသို့ထည့်၍ ပတ်ထားလိုက်တော့သည်။

"လူနာကသွေးထွက်လွန်နေတယ် ဒေါက်တာ .."

သူနာပြုတစ်ယောက်က ပြောလေသည်။

𝑴𝒂𝒖𝒏𝒈'𝒔 𝑾𝒊𝒇𝒆 , (𝑵𝒐𝒓𝒎𝒂𝒍) {𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅...}Where stories live. Discover now