Episode 17

5.4K 110 0
                                    

Ep 17

ဒီနေ့ခန့်ဂုဏ်ရောင် မြန်မာနိုင်ငံကို ပြန်ရောက်တဲ့နေ့။ သူအမိန့်ကို တွေ့ဖို့လဲအရမ်းကို စိတ်လှုပ်ရှားနေသည်။ သူအမိန့်ကို မပိုင်ဆိုင်ခဲ့ရရင်တောင် သူငယ်ချင်းလိုမျိုး ခင်မင်ခွင့်တော့ရချင်သေးသည်။ သူအမိန့်အပေါ်တွင်လည်း သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်အောင်ကြိုးစားရမယ်။

"ရောက်နေတာကြာပြီလား ခန့် .."

"မကြာသေးဘူး အမိန့်ထိုင်လေ .."

ခန့်ဂုဏ်ရောင်အမိန်ကို သေချာကြည့်မိသည်။ အမိန့်သည်ရိုးရှင်းသော ဝတ်စုံလေးကိုဝတ်ဆင်ထားပြီး အရင်အတိုင်း လှပနေတုန်းပင် ဖြစ်လေသည်။

"ခန့်က မြန်မာနိုင်ငံမှာပဲ စီးပွားရေးလုပ်တော့မှာလား .."

"ဟုတ်တယ်အမိန့် ကိုယ်ဒီမှာပဲအခြေချတော့မယ် ကိုယ်နဲ့သင့်တော်တဲ့သူ တစ်ယောက်ကိုတွေ့ရင် ကိုယ်သူနဲ့ပဲဘဝကို ရှေ့ဆက်သွားတော့မလို့ .."

"ကောင်းပါတယ် ခန့်ကလူကောင်းတစ်ယောက်ပဲ သေချာပေါက်ကောင်းမွန်တဲ့ လူတစ်ယောက်နဲ့တွေ့ကို‌ တွေ့မှာပါ .."

"အင်း ကိုယ်လည်းအဲ့လိုပဲ မျှော်လင့်ပါတယ် .."

"USမှာနေခဲ့ရတာ အဆင်ပြေတယ်မို့လား .."

"အင်း နေတာလည်းကြာပြီဆိုတော့ အဆင်ပြေခဲ့ပါတယ် .."

ဒီလိုဖြင့် ခန့်ဂုဏ်ကောင်နဲ့ အမိန့်တို့စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြပါသည်။ ခန့်ကလည်း USကအကြောင်းတွေ ပြန်လည်မျှဝေနေသလို အမိန့်ကလည်း Black Universityမှာ ဆရာမဝင်လုပ်တဲ့ အတွေ့အကြုံတွေ ပြန်လည်ပြောပြနေမိသည်။

ခန့်ဂုဏ်ရောင်နဲ့ အမိန့်တို့ Coffeeဆိုင်ထဲတွင် စကားပြောနေချိန် ဆိုင်ရှေ့မှဖြတ်သွားတဲ့ ကြည်ဖြူက အမိန့်တို့ကိုကြည့်၍ ပြုံးလိုက်ပြီး ဖုန်းဖြင့်ဓာတ်ပုံရိုက်လိုက်သည်။

"အိုး နှစ်ယောက်သမားရဲ့ အပြုံးလေးတွေက ချိုအီနေတာပဲ .."

ကြည်ဖြူက ဖုန်းဖြင့်ဓာတ်ပုံခိုးရိုက်နေရင်း ပြောလိုက်တာဖြစ်သည်။

"အဟက် .."

အမိန့်နဲ့လူတစ်ယောက် ထလာတာမြင်တော့ သူမအမြန်ပုန်းလိုက်လေသည်။ ကြည်ဖြူဓာတ်ပုံရိုက်ရတာ အားမရတော့ videoပါထပ်ရိုက်လိုက်သည်။

𝑴𝒂𝒖𝒏𝒈'𝒔 𝑾𝒊𝒇𝒆 , (𝑵𝒐𝒓𝒎𝒂𝒍) {𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅...}Dove le storie prendono vita. Scoprilo ora