Episode 9

5.6K 133 0
                                    

Ep 9

"ဒေါက်တာရောက်လာပြီလား ဒီမှာအာဏာဖျားနေလို့ပါ .."

မင်းဝသုန် သူ့အားပြောနေသော မိန်းကလေးအားကြည့်၍ သူ့ဘဝတွင်တစ်ခါမှ မဖြစ်ဖူးသော နှလုံးခုန်သံတွေက အရှိန်အဟုန်ပြင်းစွာ ခုန်နေသည်။ သူမသည် တကယ်ကိုလှပပြီး အိန္ဒြေရှိလှပါသည်။ သူမသည် မင်းဝသုန်ဟူသောသူ့အား မြင်မြင်ချင်းတောင် စွဲလမ်းသွားစေမိပါပြီ။

‌အမိန့်သူမအား ငေးကြည့်နေသော ဒေါက်တာကြောင့် စိတ်ရှုပ်သွားပြီး ...

"ဒေါက်တာ အာဏာ့အခန်းထဲကို ကြွပါရှင့် .."

ထိုအခါမှ မင်းဝသုန်တစ်ယောက် သတိလည်လာပြီး စကားပြန်ပြောလိုက်လေသည်။

"ဟုတ်ကဲ့ လူနာဆီသွားကြတာပေါ့ .."

အာဏာသူ့အခန်းထဲ ဝင်လာသော ဒေါက်တာဝသုန်၏သားအား ကြည့်၍ ...

"ဒေါက်တာမင်းဝသုန်ပါလား အန်ကယ်ကမအားလို့လား .."

"ဟုတ်တယ်ညီလေးရေ ဖေဖေကမအားလို့ အစ်ကိုလာတာ အရင်ဆုံးအဖျားတိုင်းရအောင် .."

"ဟုတ် .."

အာဏာ့ကို ဒေါက်တာစမ်းသပ်ပေးနေတာတွေကိုတော့ အမိန့်တို့ဘေးကနေပဲ ကြည့်နေလိုက်သည်။

"ဒီဆေးတွေကို ဆေးပတ်လည်အောင် တိုက်လိုက်ပါ မကြာခင်ပြန်နေကောင်းသွားမှာပါ .."

ဒေါက်တာဆိုတဲ့သူက အမိန့်ဘက်ကိုလှည့်ပြီး ဆေးတွေပေးနေတာကြောင့် အမိန့်လည်းလှမ်းယူလိုက်ရသည်။

"ဟုတ်ကဲ့ .."

"‌ဪ မိတ်ဆက်ပေးရအုန်းမယ် အမိန့်သူက ကျွန်တော်တို့family doctorရဲ့သား ဒေါက်တာမင်းဝသုန်တဲ့ .."

အာဏာက မိတ်ဆက်ပေးနေတာကြောင့် အမိန့်လည်း မင်းဝသုန်ဆိုတဲ့ဆရာဝန်ကိုကြည့်၍ ပြုံးပြလိုက်သည်။

"ဒေါက်တာမင်းဝသုန် သူကအမိန့်အာဏာ တနင်္ဂနွေနေ့ကြရင် ကျွန်တော်နဲ့လက်ထပ်မယ့် ကျွန်တော့်ဇနီးလောင်း .."

အာဏာတစ်ယောက် အမိန့်အားကြည့်နေတဲ့ မင်းဝသုန်ကြောင့် "ကျွန်တော်နဲ့လက်ထပ်မယ့် ကျွန်တော့်ဇနီးလောင်း.."ဟု တမင်ပင်ပြောလိုက်ခြင်းဖြစ်သည်။ မင်းဝသုန်အံ့ဩသွားတဲ့ မျက်နှာကိုကြည့်၍ စိတ်ထဲတွင်တော့ရယ်နေလိုက်သည်။ အပြင်မှာသာ သူမဟုတ်သလို တည်တည်တံ့တံ့ နေလိုက်လေသည်။

𝑴𝒂𝒖𝒏𝒈'𝒔 𝑾𝒊𝒇𝒆 , (𝑵𝒐𝒓𝒎𝒂𝒍) {𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅...}Tempat cerita menjadi hidup. Temukan sekarang