Extra 2

6.1K 116 3
                                    

Extra 2

၅နှစ်ခန့်ကြာသော် ...

"ဖေဖေ မေမေက ဘာရောဂါဖြစ်တာလဲ ‌ဘာလို့ခဏခဏ အန်နေတာလဲဟင် .."

ရတုအာဏာ ရုံးကနေပြန်ရောက်တော့ မိန့်အာဏာသွေးလေးက ငိုမဲ့မဲ့လေးဖြင့် ရတုအာဏာကို မေးနေတာဖြစ်သည်။ မိန့်အာဏာသွေးလေး မနက်ကတည်းက အမိန့်အန်နေတာကို တစ်ချိန်လုံးပင် မြင်နေရတာကြောင့် ဖြစ်သည်။

"နေအုံးသား ဖေဖေ သားမေမေကို မေးကြည့်လိုက်အုံးမယ်နော် .."

"ဟုတ် ဖေဖေ .."

အာဏာ အမိန့်ရှိရာအခန်းထဲသို့ ဝင်သွားလိုက်သည်။ အမိန့်က ကုတင်ပေါ်တွင် လှဲ၍အိပ်ပျော်နေတာ ဖြစ်သည်။ အာဏာ အမိန့်နားသွား၍ နဖူးလေးကို စမ်းကြည့်လိုက်တော့ အမိန့်ကအိပ်နေရာမှ နိုးလာလေသည်။

"မောင် ပြန်လာပြီလား .."

"အင်း အမိန့်ခဏခဏ အန်နေတယ်ဆိုလို့လေ .."

"ဟုတ်တယ် မောင် ဒီနေ့တစ်နေ့လုံး အန်နေတာ .."

"နေမကောင်းဘူးလား ဆေးခန်းသွားရအောင် အဲ့ဒါမှ ဘာဖြစ်လဲသိရမှာ .."

"ဟုတ်တယ် မေမေသွားရအောင်နော် .."

"မေမေ သက်သာပါတယ် သားရဲ့ .."

"မေမေ တစ်နေကုန် အန်နေတာလေ သွားရအောင်နော် .."

အမိန့်ကို မိန့်အာဏာသွေးလေးက ငိုမဲ့မဲ့လေးဖြင့် တောင်းဆိုနေပြန်သည်။

"အင်း မေမေသွားမယ်နော် သား .."

"အဟင့် တကယ်ပြောတာလား မေမေ .."

"တကယ်ပါ သားသားစိတ်မပူရအောင် မေမေကဆေးခန်းကို သွားပါ့မယ်နော် .."

"ဟုတ် ၊ ဖေဖေ ကားပြင်ထားတော့ မေမေကဆေးခန်းသွားမယ်တဲ့ .."

"ဟုတ်ပါပြီ မိန့်အာဏာသွေးလေး သဘောပါဗျာ .."

အာဏာကလည်း သားလေးအကြိုက် လိုက်ရပြန်သည်။

ထို့နောက် အမိန့်တို့မိသားစုသုံးယောက် ဆေးခန်းဆီသို့ သွားခဲ့ကြသည်။ မိန့်အာဏာသွေးလေးက အာဏာနဲ့အမိန့်ရဲ့ အလယ်တွင်ထိုင်နေပြီး အမိန့်ရဲ့လက်ကလေးကို သူ့လက်သေးသေးလေးတွေဖြင့် ဆုပ်ကိုင်ထားလေသည်။

🎉 You've finished reading 𝑴𝒂𝒖𝒏𝒈'𝒔 𝑾𝒊𝒇𝒆 , (𝑵𝒐𝒓𝒎𝒂𝒍) {𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅...} 🎉
𝑴𝒂𝒖𝒏𝒈'𝒔 𝑾𝒊𝒇𝒆 , (𝑵𝒐𝒓𝒎𝒂𝒍) {𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅...}Where stories live. Discover now