Episode 7

5K 132 1
                                    

Ep 7

နှစ်ထပ်တိုက်ကြီးရှေ့ လှပစွာပြုလုပ်ထား‌သော မြက်ခင်းပြင်ပေါ်တွင် မောင်ရတုအာဏာ နှင့် မအမိန့်အာဏာ တို့၏စေ့စပ်မင်္ဂလာ ဟူသောစာတန်းတွေကို ဘေးနားတွင် ပန်းအဖြူရောင်တွေဖြင့် အလှဆင်ထားလေသည်။ ဖိတ်ထားတဲ့ ဧည်သည်တွေထိုင်ဖို့ ခုံတွေနဲ့စားပွဲဝိုင်းတွေကို ရတုအာဏာအကြိုက် အဖြူရောင်‌တွေ သုံးထားလေသည်။ ဧည့်သည်တွေကလည်း ရောက်ရှိလာကြပြီဖြစ်သည်။ စီးပွားရေးအသိုင်းအဝိုင်းက လူကြီးတွေနှင့် Black Universityရှိဆရာ ၊ ဆရာမများကိုသာ ဖိတ်ခေါ်ထားတာဖြစ်သည်။

"ဟေ့ကောင်အာဏာ လူတွေစုံနေပြီ မပြီးသေးဘူးလားကွ .."

"ပြီးပါပြီကွ မင်းတို့ကလည်း လောနေလိုက်ကြတာ .."

"ငါတို့က လောနေတာမဟုတ်ဘူး ဧည့်သည်တွေကရောက်နေပြီကွ .."

အာဏာလည်းသူငယ်ချင်းတွေ လာခေါ်တာကြောင့် ပါသွားခဲ့သည်။ တစ်ဖက်တွင်လည်း အမိန့်တစ်ယောက် သတိုးသမီးဝတ်စုံပုံသဏ္ဍာန် ဂါဝန်ဖြူဖြူကြီးကို ဝတ်ဆင်ထားပြီး ဆံပင်ကိုတော့ ချထား၍သရဖူလေးနှင့် ခေါင်းအနောက်တွင် ဇာအဖြူရောင်အပါးလေးကို အုပ်ထားလေသည်။ စေ့စပ်ပွဲလို့သာ‌ဆိုတယ် သူမပုံစံလေးက သတိုးသမီးလေးတစ်ယောက်လိုပင် လှပနေတာဖြစ်သည်။

"ဟိုမှာ ဆရာမလာပြီကွ .."

တိုးတက်မောင်အပြောကြောင့် အာဏာအိမ်ထဲကိုကြည့်လိုက်တော့ အဖြူရောင်ဇာဂါဝန်ကြီးဖြင့် အမိန့်သည် အရမ်းကိုလှပပါသည်။ အနီရောင်နှုတ်ခမ်းနီ ဆိုးထားသောသူမလေးက ပြုံးလိုက်လျှင် မျက်စိမခွာချင်လောက်အောင် စွဲဆောင်မှုကလည်း ရှိလှပါသည်။

"အရမ်းမကြည့်နဲ့အာဏာ မင်းကဆရာမကို မိဘတွေပေးစားလို့ ယူရတာနော် .."

လေပြေ စလိုက်တာကြောင့် အာဏာရင်ထဲ ဝမ်းနည်းသွားသလို ခံစားမိသည်။ ဟုတ်ပါသည် သူမလေးကို သူပိုင်ဆိုင်ရရင်တောင် သူပိုင်ဆိုင်တဲ့အချိန်က အနည်းငယ်သာ ရှိပါလိမ့်မည်။ သူများပစ္စည်းဆိုတာ ငှားထားပြီးရင် တစ်နေ့ကြရင် ပိုင်ရှင်ဆီပြန်ပေးရမှာ မဟုတ်လား။

"လာသမီးလေး စေ့စပ်စာချုပ်မှာလက်မှတ်ထိုးပြီးရင် စေ့စပ်လက်စွပ်လေး စွပ်ပေးပြီးတာနဲ့ စေ့စပ်ပွဲအထမြောက်သွားပြီ .."

𝑴𝒂𝒖𝒏𝒈'𝒔 𝑾𝒊𝒇𝒆 , (𝑵𝒐𝒓𝒎𝒂𝒍) {𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅...}Where stories live. Discover now