Episode 11

5.1K 123 0
                                    

Ep 11

သာယာတဲ့နံနက်ခင်းလေးတွင် ကောင်လေးတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာကောင်မလေးတစ်ယောက် အိပ်နေခဲ့တယ်။ သူတို့နှစ်ဦးက ရတုအာဏာနဲ့ အမိန့်အာဏာပဲ ဖြစ်လေသည်။ နေမင်းကြီး၏ အလင်းရောင်အောက်တွင် ကျေးငှက်ကလေးတွေက တကျိကျိအော်မြည်နေတဲ့အချိန်တွင် အမိန့်အာဏာနိုးလာခဲ့သည်။ အမိန့်နိုးလာချိန်တွင် အမိန့်ရဲ့ခါးကိုတစ်စုံတစ်ယောက်က ဖက်ထားလေသည်။ အမိန့်မျက်လုံးဖွင့်လိုက်တော့ ရတုအာဏာဖြစ်နေတာကြောင့် အလန့်တကြားဖြင့် ...

"အိုး သေပါပြီ .."ဟူ၍ပြောပြီး ဇက်ခနဲထထိုင်လိုက်သည်။ အမိန့် ရုတ်တရက်ထလိုက်တာကြောင့် အမိန့်ခါးပေါ်တင်ထားတဲ့ အာဏာ့လက်ကလည်း အိပ်ယာပေါ်သို့ကျသွားပြီး အာဏာလည်းလန့်နိုးလာခဲ့လေသည်။

"အမိန့် ဘာဖြစ်တာလဲ .."

"ဟင် ဘာမဖြစ်ပါဘူး အာဏာအိပ်ချင်ရင် ဆက်အိပ်လေ .."

"တော်ပါပြီဗျာ ကျွန်တော်လည်း မအိပ်ချင်တော့ဘူး ထတော့မယ် .."

အာဏာပြောပြီးတာနဲ့ချက်ချင်း ရေချိုးခန်းထဲသို့ ဝင်သွားပြီး မျက်နှာသစ် ၊ ရေတစ်ခါထဲချိုး၍ ထွက်လာခဲ့သည်။ အမိန့်ကလည်း အာဏာရေချိုးပြီးသည်အထိ စောင့်နေရတာကြောင့် မျက်နှာပင်မသစ်ရသေးပါ။ အာဏာရေချိုးခန်းထဲက ထွက်ခဲ့တာမြင်မှ အဝတ်တစ်ချို့ယူသွားပြီး ရေချိုးခန်းထဲ ဝင်လိုက်သည်။

အာဏာလည်း အဝတ်အစားဝတ်နေရင် "သူနဲ့အမိန့် ဒီနေ့ကျောင်းသွားရင် ကောင်းမလား .."စဉ်းစားနေလိုက်သည်။ ကျောင်းပျက်ထားတာ တစ်ပတ်ရှိပြီ။ ဒါပေမယ့်သူ့အဖေရဲ့ အရှိန်အဝါနဲ့ဆို အာဏာကျောင်းတစ်လလောက် ပျက်ရင်တောင်ဘာမှမဖြစ်။ အမိန့်ကိုပဲ မေးလိုက်ပါမယ်။ အမိန့်သွားချင်ရင်သွားမယ် အမိန့်မသွားချင်ရင် မသွားဘူး အမိန့်သဘောပါပဲလေ။

အာဏာအကုန်လုံးပြင်ဆင်ပြီးတော့ ဖုန်းကိုင်၍အမိန့်ကို ထိုင်စောင့်နေတဲ့အချိန် အမိန့်ကလည်းရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။

"အမိန့် ဒီနေ့ကျွန်တော်တို့ ကျောင်းသွားကြမှာလား .."

"သွားကြတာပေါ့ အာဏာရဲ့ အမိန့်တို့ကျောင်းပျက်ထားတာ တစ်ပတ်ရှိနေပြီလေ .."

𝑴𝒂𝒖𝒏𝒈'𝒔 𝑾𝒊𝒇𝒆 , (𝑵𝒐𝒓𝒎𝒂𝒍) {𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅...}Hikayelerin yaşadığı yer. Şimdi keşfedin