Episode 15

5K 106 0
                                    

Ep 15

ချောင်းသာကမ်းခြေတွင် ကျောင်းသားတွေအကုန်လုံး ရေကူး ၊ ဘောလုံးကန် စသည့်ကစားနည်း မျိုးစုံဖြင့်ပျော်ပါးနေကြတာဖြစ်သည်။ ကမ်းခြေလာလည်တဲ့ ဧည့်သည်တွေကတော့ အမိန့်တို့အဖွဲ့ကြီးကြောင့် နားပူကြမှာအမှန်ပင် ဖြစ်လေသည်။

အမိန့်နဲ့အာဏာတို့ကတော့ သူငယ်ချင်းတွေနဲ့ ရေကူးနေကြတာဖြစ်သည်။ အာဏာကလည်း သူ့သူငယ်ချင်းသုံးယောက်နဲ့ ရေကူးပြိုင်နေသေးသည်။ နောက်ဆုံးတော့ အာဏာကနိုင်သွားလေသည်။

အာဏာက အမိန့်ရှိရာသို့ ရေကူးခဲ့ပြီး အမိန့်ခါးကိုဖက်၍ အမိန့်ရဲ့နှုတ်ခမ်းသို့ လာနမ်းလေသည်။ အာဏာလာနမ်းတော့ ဘေးနားရှိကျောင်းသူတွေဆီမှ အသံတွေထွက်ခဲ့လေသည်။ အာဏာနဲ့အမိန့် နမ်းပြီးနောက် အမိန့်သူငယ်ချင်းတွေက ...

"နင်တို့နှစ်ယောက် singleတွေရှေ့မှာ မroပါနဲ့လားဟယ် .."

"မရဘူးဗျ မဆောင်းနှင်းမြိုင်ရဲ့ ချစ်မိသွားရင် ကိုယ်ချစ်တဲ့သူကို သူ့အလိုလိုချစ်နေတာမျိုး ထိန်းထားလို့မရဘူး .."

"ဟုတ်ပါပြီအာဏာရယ် ငါတို့သူငယ်ချင်းအမိန့်ကို တန်ဖိုးထားချစ်ပေးတာ မြင်ရတာတော့ ဝမ်းသာပါတယ်ဟယ် roတာလေးတော့ နည်းနည်းလျှော့ပေးပါ နှစ်ယောက်စလုံး .."

နှစ်ယောက်စလုံးဆိုတဲ့ နေရာတွင်ဆောင်းနှင်းမြိုင်က အသံခပ်မြင့်မြင့် ပြောလိုက်လေသည်။ အမိန့်ကတော့ ရယ်နေလိုက်တော့သည်။

"ရယ်မနေနဲ့အမိန့် သူပြောတာဟုတ်တယ် .."

"အေးပါ မေမြတ်သဇင်ရယ် ငါတို့အခန်းထဲရောက်မှပဲ roပါတော့မယ် နောက်တစ်ခါနင်တို့ရှေ့ မroတော့ပါဘူးဟယ် ဟုတ်ပြီလား .."

"အင်းအင်း နင့်စကားနဲ့နင် မှတ်ထားနော်အမိန့် .."

"အင်းလို့ .."

"ဟေ့‌ဟိုကျောင်းသားတွေ ကမ်းစပ်နဲ့အဝေးကြီးထိ မသွားကြနဲ့နော် ပြန်လာခဲ့ကြ .."

"ဟုတ်ဟုတ် ဆရာမ .."

"မောင့် အမိန့်ကစိုးရိမ်တတ်လိုက်တာ .."

"သူများသားသမီးတွေ အမိန့်တို့ကြောင့် တစ်ခုခုဖြစ်သွားရင် ‌မကောင်းဘူးလေ မောင်ရဲ့ .."

𝑴𝒂𝒖𝒏𝒈'𝒔 𝑾𝒊𝒇𝒆 , (𝑵𝒐𝒓𝒎𝒂𝒍) {𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅...}Where stories live. Discover now