Ep 8
ဒေါက် ဒေါက် ဒေါက်
"မမ ထမင်းစားတော့မလား ညနေ6နာရီခွဲနေပါပြီ .."
အမိန့်ဖတ်ကောင်းကောင်းနဲ့ ဖတ်နေခဲ့တာ ညနေထမင်းစားချိန်တောင် ရောက်ခဲ့ပြီ။ အာဏာတို့အိမ်က ကောင်မလေးလာခေါ်မှ စာအုပ်ဖတ်နေတာကနေ ရပ်လိုက်သည်။
"အာဏာ့အတွက် အမိန့်တို့အိမ်က ဆန်ပြုတ်လာပို့ပြီးပြီလား .."
"ပို့ပြီးပါပြီ မမ .."
"အဲ့ဒါဆိုဆန်ပြုတ်လေး နွှေးပြီးယူလာခဲ့လိုက်နော် .."
"ဟုတ် မမ .."
အမိန့် ဆန်ပြုတ်ယူလာခိုင်းပြီးတာနဲ့ အာဏာကိုနှိုးရန် ပြင်လိုက်သည်။ အာဏာအိပ်နေတာလည်း ကြာပြီမဟုတ်လား။
"အာဏာ ... အာဏာထတော့ ဆန်ပြုတ်သောက်ရအောင် .."
အမိန့်နှိုးတော့ အာဏာမျက်ခုံးကြောတွေရှုံ၍ ထလာလေသည်။ အမိန့် အာဏာနဖူးကိုစမ်းကြည့်လိုက်တော့ အဖျားကမကျသေးပေ။
"အဖျားမကျသေးဘူးအာဏာ ဆန်ပြုတ်သောက်ပြီးရင် ဆေးပြန်သောက်ရမယ်နော် .."
"ဒီည မိုးရွာမယ်ထင်တယ် အမိန့်ပြန်ချင်ပြန်တော့လေ အမိန့်မေမေစိတ်ပူနေအုန်းမယ် .."
"ရပါတယ် အမိန့်မေမေ့ကို ဖုန်းဆက်လိုက်ပါမယ် အခုတော့ဆန်ပြုတ်သောက်ရအောင် ဆန်ပြုတ်လည်းရောက်လာပြီဆိုတော့ .."
ခဏကြာတော့ ပုစွန်ဆန်ပြုတ် ရောက်လာသည်။ အာဏာ ပုစွန်ဆန်ပြုတ်လေးကို သောက်ကြည့်လိုက်တော့ အမိန့်မေမေပြုတ်ပေးတဲ့ ဆန်ပြုတ်ကအရင်အတိုင်း ကောင်းနေတုန်းပင်ဖြစ်သည်။
"အရမ်းသောက်လို့ကောင်းတယ် .."
"အာဏာကြိုက်ရင် များများသောက် နောက်နေ့ကြရင်လည်း မေမေ့ကိုလုပ်ခိုင်းလိုက်မယ် .."
"ဟင့်အင်း နောက်နေ့ကြရင် အမိန့်မေမေ့ကိုမလုပ်ခိုင်းနဲ့ အမိန့်ကိုယ်တိုင်လုပ်ပေး အမိန့်လက်ရာအရင်ကထက် ပိုကောင်းမကောင်း သောက်ကြည့်ချင်သေးတယ် .."
အာဏာသည် ငယ်စဉ်ကတည်းက အမိန့်ဆန်ပြုတ်လုပ်ပေးတာကို ကိုယ်တိုင်သောက်ဖူးတာကြောင့် အမိန့်လက်ရာကို သိနေခြင်းဖြစ်သည်။ ငယ်ငယ်က အမိန့်လုပ်ပေးတဲ့ ဆန်ပြုတ်က တော်တော်ဆိုးလှပါသည် အာဏာမစားချင်ဘူးပြောတာတောင် အမိန့်ကအတင်းအကျပ် စားခိုင်းတာကြောင့် အာဏာငိုမဲ့မဲ့လေးဖြင့် စားခဲ့ရဖူးသည်။
YOU ARE READING
𝑴𝒂𝒖𝒏𝒈'𝒔 𝑾𝒊𝒇𝒆 , (𝑵𝒐𝒓𝒎𝒂𝒍) {𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅...}
Fantasyကျောင်းရဲ့အချေကိုယ်တော် Kingကြီး ရတုအာဏာ နဲ့ တက္ကသိုလ်ဆရာမလေး အမိန့်အာဏာ တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ Title : Maung's Wife Main Role : YaTu ArNar ၊ AMaint ArNar တက္ကသိုလ်ဆရာမလေး အမိန့်အာဏာ နဲ့ ကျောင်းရဲ့အချေကိုယ်တော် Kingကြီး ရတုအာဏာ တို့ရဲ့ အချစ်ဇာတ...