Extra 1

4.1K 85 1
                                    

Extra 1

အခုတလော ရတုအာဏာ ကုမ္ပဏီအလုပ်တွေနဲ့ ရှုပ်နေသဖြင့် အမိန့်တို့သားအမိနဲ့ အိမ်ပြန်ရောက်ချိန်လေး ခဏသာတွေ့ရသည်။ ညစာစားပြီးတော့လည်း ကုမ္ပဏီကအလုပ်တွေ ဆက်လုပ်နေရသဖြင့် အာဏာတစ်ယောက် စိတ်ဖိစီးနေသည်။

"မောင် .."

"သားလေး အိပ်သွားပြီလား အမိန့် .."

"အိပ်သွားပြီ အမိန့်မောင့်ကို ကူဖို့လာခဲ့တာ ဘာလုပ်ပေးရမလဲ .."

"လာပါအုံး မောင် အမိန့်ကိုဖက်ထားပါရစေ .."

အမိန့်က အလိုက်သတိ မောင့်နားလေးသွားရပ်တော့ မောင်က အမိန့်ခါးလေးကိုဖက်၍ မျက်လုံးလေးတွေ မှိတ်ထားလေသည်။ အမိန့်လည်း မောင့်ရဲ့ပခုံးတွေကို နှိပ်ပေးလိုက်သည်။ မောင်ကအရမ်း ပင်ပန်းလို့ထင်သည် အမိန့်နှိပ်ပေးတာကို ငြိမ်ငြိမ်လေးခံနေသည်။

"ရပြီအမိန့် မောင်အရမ်းညောင်းနေလို့ပါ ပုံမှန်အတိုင်းဆို မောင် အမိန့်ကိုအခုလိုကို မခိုင်းရက်ပါဘူး .."

အာဏာလည်း အမိန့်နှိပ်ပေးတာကိုခံနေရင်း အ ညောင်းပြေလောက်မှ အမိန့်ကိုရပ်ခိုင်းလိုက်တော့သည်။

"ရပါတယ်မောင်ရဲ့ ဒီပရောဂျက်ပြီးရင် နောက်ထပ်အသစ်တွေ ထပ်မလုပ်ပါနဲ့တော့ မောင်ပင်ပန်းနေမယ် အခုမောင်ရှာနေတဲ့ငွေနဲ့တင် အမိန့်တို့သားအမိအတွက် ပြည့်စုံနေတာပဲ .."

"အင်း မောင်ကအမိန့်နဲ့ သားလေးအတွက် လောဘကြီးမိသွားလို့ပါ တကယ်တမ်းကုမ္ပဏီက ဝင်ငွေနဲ့တင် လုံလောက်တယ် ဒါပေမယ့်မောင်က ဒီထက်ပိုပြီး ချမ်းချမ်းသာသာနဲ့ ထားချင်တာ .."

"အခုရော အမိန့်တို့က ဆင်းရဲမနေဘူးလေ မောင်ရဲ့ အဲ့ဒါကြောင့်မောင်က အလုပ်တွေကိုလောဘမကြီးပဲ အမိန့်တို့သားအမိကို အချိန်ပေးပါလို့ .."

"ဟုတ်ပါပြီဗျာ အမိန့်သဘောအတိုင်းပါ မောင်ဒီအလုပ်တွေပြီးတာနဲ့ ပရောဂျက်အသစ်တွေ လက်မခံတော့ပါဘူး .."

"အမိန့်က မောင်ပင်ပန်းနေလို့‌ ပြောတာနော် မောင့်အလုပ်ကို ပိတ်ပင်တာမဟုတ်ဘူး .."

𝑴𝒂𝒖𝒏𝒈'𝒔 𝑾𝒊𝒇𝒆 , (𝑵𝒐𝒓𝒎𝒂𝒍) {𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅...}Where stories live. Discover now