Ep 12
အာဏာနဲ့အမိန့်တို့ရဲ့တိုက်ကြီး ဆောက်လုပ်ပြီးစီးသွားတာနဲ့ နောက်5ရက်နေတော့ နောင်လက်ခတ်က မင်္ဂလာဖိတ်စာ လာပို့လေသည်။
"အာဏာနဲ့အမိန့် ဆက်ဆက်လာခဲ့ကြနော် .."
"စိတ်ချပါအစ်ကိုရဲ့ ကျွန်တော်တို့လာခဲ့ပ့ါမယ် .."
လက်ခတ်သူ့အား ဒီတစ်ခါတွင် စကားကောင်းကောင်းပြန်ဖြေတဲ့ ရတုအာဏာကို ကြည့်လိုက်သည်။ ရတုအာဏာက ခပ်ပြုံးပြုံးဖြင့် ပြောနေတာဖြစ်သည်။
"လက်ခတ်ရယ် စိတ်ချစမ်းပါ ငါတို့လာခဲ့ပါ့မယ် .."
"အေးအေး အဲ့ဒါဆိုငါတစ်ခြားသူတွေကို ဖိတ်စာလိုက်ဝေလိုက်အုန်းမယ် သွားပြီနော် .."
"အေးပါ ကောင်းကောင်းသွား .."
လက်ခတ်ပြန်သွားပြီးတာနဲ့ အမိန့် အာဏာ့ကိုပြုံးပြလိုက်သည်။
"တော်တယ် အာဏာ .."
"ဟုတ်ပါပြီ .."
တကယ်တော့အာဏာတစ်ယောက် နောင်လက်ခတ်ကို စကားကောင်းကောင်းပြောနေတာ နောင်လက်ခတ်နဲ့စတွေ့တဲ့နေ့တွင် ညရောက်တော့အမိန့်က အာဏာကို ...
"အာဏာ နောက်တစ်ခါနောင်လက်ခတ်နဲ့တွေ့ရင် ကောင်းကောင်းမွန်မွန် ပြန်ဖြေပါ သူကအာဏာ့ထက်အသက်လည်းကြီးတယ် ရန်ငြိုးလည်းမရှိဘူးလေ .."
"အင်းပါ .."
"အမိန့်ပြောချင်တာက အာဏာလူတိုင်းကို စကားပြောရင် ကောင်းကောင်းမွန်မွန်လေး ပြန်ပြောလို့ .."
"ကျွန်တော်ကြိုးစားကြည့်ပါ့မယ် .."
အမိန့်စကားကြောင့်သာ အာဏာအခုလို စကားကောင်းကောင်းပြောနေတာ ဖြစ်လေသည်။ အာဏာလိုချေမိုးနေတဲ့သူအတွက် စကားကောင်းကောင်းပြောရတာ တစ်ဖက်လူပြောစကားကို ဂရုစိုက်၍ပြန်ပြောရတာ အာဏာ့အတွက်ခက်ခဲပါသည်။
"အမိန့်ဒီနေ့ shopping centerသွားကြရအောင် .."
"ဘာလုပ်ဖို့လဲ အာဏာရဲ့ .."
"အမိန့်သူငယ်ချင်း မင်္ဂလာပွဲအတွက် လက်ဖွဲ့ဝယ်ရင်း ကျွန်တော်နဲ့အမိန့်အတွက်လည်း မင်္ဂလာပွဲသွားရင်ဝတ်ဖို့ ဝယ်ရမယ်လေ .."

ESTÁS LEYENDO
𝑴𝒂𝒖𝒏𝒈'𝒔 𝑾𝒊𝒇𝒆 , (𝑵𝒐𝒓𝒎𝒂𝒍) {𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅...}
Fantasíaကျောင်းရဲ့အချေကိုယ်တော် Kingကြီး ရတုအာဏာ နဲ့ တက္ကသိုလ်ဆရာမလေး အမိန့်အာဏာ တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ Title : Maung's Wife Main Role : YaTu ArNar ၊ AMaint ArNar တက္ကသိုလ်ဆရာမလေး အမိန့်အာဏာ နဲ့ ကျောင်းရဲ့အချေကိုယ်တော် Kingကြီး ရတုအာဏာ တို့ရဲ့ အချစ်ဇာတ...