Ep 3
"ဟယ် အမိန့်မို့လား အမိန့်ငါတို့ကို မှတ်မိသေးလား .."
"ဟာ ... မေမြတ်သဇင် နင်တို့အဖွဲ့ပါလား ဘာလာလုပ်တာလည်း အမိန့်ကBlackကနေ အခုမှပြန်ခဲ့ပြီး ဈေးဝင်ဝယ်တာ .."
"ငါတို့သူငယ်ချင်းတွေ ထုံးစံအတိုင်း အအေးသောက်ရင်း စကားလာပြောကြတာပေါ့ဟာ အခုနင်လည်းလိုက်ခဲ့ အအေးသောက်ရင်း စကားပြောကြရအောင် .."
"အင်း အမိန့်လိုက်ခဲ့မယ်လေ .."
အမိန့်ကျောင်းကနေပြန်ခဲ့တော့ shopping centerတွင် ကျောင်းနေဘက် သူငယ်ချင်းအချို့နဲ့ မထင်မှတ်ပဲ ပြန်ဆုံတွေ့ခဲ့သည်။ ပြီးတာနဲ့သူတို့ခေါ်လာတဲ့ အအေးဆိုင်လေးမှာ အအေးသောက်ပြီး သူငယ်ချင်းတွေအတူတူ စကားပြောနေကြသည်။
"အမိန့်တို့ကတော့နော် ပြန်ရောက်တာတောင် အခုချိန်ထိ အရင်လိုပါပဲလား ဇက်ဇက်ကျဲအစွာလေးနော် .."
အမိန့်Black Universityက အကြောင်းတွေကို ပြန်ပြောပြနေတာကြောင့် အမိန့်အကြောင်းသိနေတဲ့ သူငယ်ချင်းတွေက အမိန့်ကိုစနောက်နေကြသည်။
"ဒါဆို ရတုအာဏာတို့ကတော့ အမိန့်နဲ့တွေ့မှ Black Universityရဲ့ King အချေကိုယ်တော် ဆိုတဲ့ဂုဏ်ပုဒ်ကြီး ဈာန်လျှောနေရပြီပေါ့ .."
အမိန့်လည်း သူငယ်ချင်းတွေပြောသမျှကို နားထောင်ပြီး ပြုံး၍သာနေလိုက်သည်။
"ဒါနဲ့ဟိုကျောင်းသားသုံးယောက် တော်တော်လေးကိုလန့်သွားမှာပဲနော် .."
"နင်ကလည်း ဘယ်သူထင်လို့လဲ ငါတို့သူငယ်ချင်း အမိန့်အာဏာလေ ဒီပြသာနာလောက်ကတော့ အမိန့်အတွက် ထမင်းစားရေသောက်လောက်ပဲ လွယ်လွယ်လေး .."
အမိန့်တို့သူငယ်ချင်းတွေ စကားပြောနေတဲ့အချိန် အမိန့်ဆီကို မေမေ့ထံမှ ဖုန်းဝင်လာလေသည်။ မေမေကအမိန့်ကို ရတုအာဏာတို့အိမ်က ညစာစားဖိတ်ခေါ်ထားတာကြောင့် ပြန်လာတော့ဖို့ ဖုန်းဆက်တာဖြစ်သည်။
"မေမေခေါ်နေလို့ အမိန့်ပြန်ပြီနော် သူငယ်ချင်းတို့ နောက်မှတွေ့မယ် .."
"အင်းပါကားကို ဂရုစိုက်မောင်းနော် အမိန့် .."
အမိန့်လည်း သူငယ်ချင်းတွေကို အကျိုးအကြောင်းပြော၍ နှုတ်ဆက်ပြီး အိမ်သို့ပြန်လာခဲ့လိုက်သည်။
YOU ARE READING
𝑴𝒂𝒖𝒏𝒈'𝒔 𝑾𝒊𝒇𝒆 , (𝑵𝒐𝒓𝒎𝒂𝒍) {𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅...}
Fantasyကျောင်းရဲ့အချေကိုယ်တော် Kingကြီး ရတုအာဏာ နဲ့ တက္ကသိုလ်ဆရာမလေး အမိန့်အာဏာ တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ Title : Maung's Wife Main Role : YaTu ArNar ၊ AMaint ArNar တက္ကသိုလ်ဆရာမလေး အမိန့်အာဏာ နဲ့ ကျောင်းရဲ့အချေကိုယ်တော် Kingကြီး ရတုအာဏာ တို့ရဲ့ အချစ်ဇာတ...