Episode 4

6.1K 159 2
                                    

Ep 4

"အာဏာ မင်းဘာပြောလိုက်တယ် ငါတို့ကြားလိုက်ရတာ အမှန်တကယ်မို့လား .."

"အေးလို့ အမိန့်နဲ့ငါ့ကို လူကြီးတွေက ဒီအပတ်ကျောင်းပိတ်ရက်မှာ စေ့စပ်ပွဲလုပ်ပေးတော့မှာတဲ့ .."

အာဏာလည်း သူ့သူငယ်ချင်းတွေကို ပြန်ပြောပြတော့ သူငယ်ချင်းတွေအကုန် အံ့ဩသွားကြသည်။ အာဏာ လက်ခံလိုက်တယ်ဆိုတော့ သူတို့ကပို၍ အံ့ဩသွားကြသေးသည်။

"ဒါဆိုမင်္ဂလာပွဲက ဘယ်အချိန်လုပ်မှာလဲ တတိယနှစ်ပြီးမှလား မပြီးခင်လား .."

"ဒီအပတ်ကျောင်းပိတ်ရင် စေ့စပ်ပွဲလုပ်ပြီး မင်္ဂလာပွဲအတွက် လိုအပ်တာတွေ ပြင်ဆင်ပြီးတာနဲ့ စေ့စပ်ပွဲအပြီးနောက်အပတ်က မင်္ဂလာပွဲပဲ .."

"ဪ ဘာလိုလိုနဲ့ကျောင်းရဲ့ အချေကိုယ်တော်ကြီးတောင် ဆရာမအမိန့်အာဏာနဲ့ ယူရတော့မှာပါလား သနားစရာငါတို့သူငယ်ချင်းလေး ရည်းစားတောင်တစ်ခါမှ မထားလိုက်ရပဲ မိန်းမတန်းယူရတော့မည့် အဖြစ်ပါလား ကျွတ် ကျွတ် .."

"........"

တိုးတက်မောင်က ခေါင်းလေးခါ၍ပြောတော့ ကောင်းမြတ်နဲ့ လေပြေတို့က ရယ်နေကြသည်။ အာဏာကတော့ ပုံမှန်အတိုင်းပင်။ အာဏာက စိတ်ရှုပ်မခံတတ်တာကြောင့် ကျောင်းတွင်ရည်းစား တစ်ခါမှပင်မထားခဲ့ပါ။ Barသွားရင်တောင် VIPအခန်းမှာ သူငယ်ချင်းတွေနဲ့သာ သီးသန့်သောက်ကြတာ ဖြစ်သည်။

လေပြေ အာဏာ့ကိုကြည့်ပြီး ရယ်ချင်သည်။ သူငယ်ငယ်ကဆရာကြီးလုပ်လို့ သူအမြင်ကပ်တယ်ဆိုတဲ့ ဆရာမအမိန့်အာဏာက အခုသူ့ရဲ့အိမ်ထောင်ဘက် ဖြစ်လာတော့မယ်တဲ့။

"အာဏာမင်း ဆရာမအမိန့်အာဏာကို ချစ်လား .."

"ဒီလောက်ဆရာကြီးလုပ်နေလို့ အမြင်ကပ်နေရတဲ့ကြားထဲ ငါကဘယ်ရင်ဘက်ကြီးနဲ့ ချစ်ရမှာလဲ .."

"ဒါဆိုရင် မုန်းလား .."

"မုန်းတော့မမုန်းပါဘူး ငါကသူဆရာကြီးလုပ်လို့ကို ငယ်ငယ်တည်းက အမြင်ကပ်ခဲ့တာကွ .."

"ဒါဆိုရင်တော့ မင်းအမြင်ကပ်လည်း အပိုပဲအာဏာ ဆရာမအမိန့်က အခုBlack Universityက တရားဝင်ဆရာမတောင် ဖြစ်နေပြီပဲလေ .."

𝑴𝒂𝒖𝒏𝒈'𝒔 𝑾𝒊𝒇𝒆 , (𝑵𝒐𝒓𝒎𝒂𝒍) {𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅...}Where stories live. Discover now