Episode 19

3.9K 88 3
                                    

Ep 19

ယခုအမိန့်တို့ ဆေးရုံတွင်တစ်ပတ်တိတိ နေခဲ့ပြီးတော့ အိမ်သို့ပြန်လာခဲ့ကြပြီ ဖြစ်သည်။ အာဏာကလည်း နောက်ဆုံးနှစ်ပြီးသွားပြီ ဖြစ်တာကြောင့် အရင်ကထက် အမိန့်တို့သားအမိကို အချိန်ပိုပေးနိုင်ခဲ့သည်။ အရင်ကအာဏာတစ်ယောက် အမိန့်ရဲ့အမိန့်‌တော်ကြောင့် စာနဲ့နပန်းလုံးနေရသည်။ အခုမှအမိန့်တို့သားမိကို လွတ်လွတ်လပ်လပ်ချစ်နိုင်တာ ဖြစ်သည်။

"မောင် သားလေးနိုးပြီလား .."

အမိန့်အခန်းထဲကနေ မောင့်ကိုမေးလိုက်တာဖြစ်သည်။ အမိန့်ကညဆို သားလေးကြောင့်အိပ်ရေးပျက်တော့ နေ့လည်ပိုင်းတွင်အခန်းထဲ၌ တစ်ရေးလောက်အိပ်ရသည်။ အမိန့်အိပ်နေချိန်ဆို သားလေးကို မောင်ကချီထိန်းနေတာဖြစ်သည်။ မေမေတို့ကလည်း အမြဲလာနေတော့ မောင်အရမ်းတော့ မပင်ပန်းလောက်ပါ။

"မနိုးသေးဘူးအမိန့် သားလေးက မေမေ့လက်ထဲမှာ အိပ်ပျော်နေတာ .."

မောင်ကအပြင်ကနေ ပြန်ပြောလိုက်လေသည်။ ဆေးရုံကဆင်းလာတော့ တက်ရဆင်းရ ရှုပ်နေမှာကြောင့် အမိန့်အောက်ထက်ရှိ အိပ်ခန်းတစ်ခန်းတွင် အိပ်လိုက်တာဖြစ်သည်။

အမိန့်အပြင်ထွက်လာချိန်တွင် သားလေးကိုချီထားသော မေမေ့ကိုမြင်လိုက်ရသည်။

"မေမေ ဖေဖေရောမလာသေးဘူးလား .."

"သမီးဖေဖေက ဒီနေ့သူ့မြေးလေးကို မတွေ့ရသေးတော့ လာချင်နေတာ ကုမ္ပဏီမှာအရေးကြီးလို့ မဖြစ်မနေသွားရတယ်လေ .."

"ဪ .."

အမိန့်လည်း မောင်ထိုင်နေတဲ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ မောင်ကတော့ အမိန့်ဝင်ထိုင်လိုက်တာနဲ့ချက်ချင်း အမိန့်ခါးကိုလာဖက်လေသည်။ အမိန့်လည်းမေမေ ရှိတာကြောင့်ရုန်းတော့လည်း မရပါ။

"ငြိမ်ငြိမ်နေပါ အမိန့်ရယ် မောင်အားပျက်နေလို့ပါ .."

အမိန့်မောင့်ကို ‌မျက်စောင်းလေးသာ ထိုးလိုက်တော့သည်။ မောင်ကအမိန့် မျက်စောင်းထိုးလိုက်တော့ အမိန့်ကိုကြည့်ပြီး ရယ်နေတော့သည်။ မေမေကလည်း အမိန့်တို့ကိုကြည့်ပြီး ရယ်နေသည်။

𝑴𝒂𝒖𝒏𝒈'𝒔 𝑾𝒊𝒇𝒆 , (𝑵𝒐𝒓𝒎𝒂𝒍) {𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅...}Where stories live. Discover now