Part (4)

2.7K 309 83
                                    

[Unicode]

အိပ်နေရင်းနှင့် အောက်၌ဆူညံနေသောအသံတို့ကို ကြားတာကြောင့် ထသွားရန်ပြင်လိုက်သည်။ သို့သော် ဆင်းသွားတာက အပြစ်ဖြစ်ခဲ့တာ။

"ဒယ်ဒီ.."

"အိမ်ပေါ်ကိုသွားပြန်တက်နေ! "

သူ့ခန္ဓာလေးတွန့်သွားသည်အထိ ဒယ်ဒီအော်လိုက်သည်။အော်လိုက်သော ဒယ်ဒီရဲ့အသံဟာ အိမ်တစ်ခုလုံးကို ဟိန်း‌သွားစေလောက်သည်အထိပင်။ ရုတ်တရတ်မို့လားမသိ။ သူထိုနေရာလေးကနေ ဘယ်မှမသွားမိပဲကြောင်တောင်တောင်လေးကြည့်နေမိသည်။ ဒါမဲ့ဒယ်ဒီက..

"‌မင်းကို ငါဘာစောက်စကားပြောနေလဲ! မကြားဖူးလား! ဂျင်းဝူ! အဲ့ကောင်ကို အခန်းထဲပို့လိုက်! "

"သ..သခင်လေး..လာလာ"

ဒေါသထွက်တာ မမြင်ဖူးသောဒယ်ဒီရဲ့ပုံစံကို ကြောက်လွန်းလို့။ တုန်ယီနေမိသည်။သူ့ဒယ်ဒီက ဒီလိုလူမျိုးလား။ ကြောက်လွန်းလို့ ဒယ်ဒီနား‌တောင် မသွားရဲပါဘူး။ဂျင်းဝူက သူ့ပုံစံကိုကြည့်၍ရိပ်မိကာ..

"သခင်ကြီးက အဲ့လိုပါပဲ..ကြောက်မနေနဲ့.."

"ဒယ်...ဒယ်ဒီကလေ"

"ခွပ်! "

ထိုးသံတွေကြားလိုက်သောကြောင့် ရင်အစုံဟာပူလောင်သွားရပြန်သည်။ဒါကြောင့် ပြေး၍ထွက်ကြည့်မိပြန်‌။ ဂျင်းဝူသည်သူ့ကို လိုက်ခေါ်၍ သူအောက်ထပ်သို့ဆင်းသွားတာဖြစ်သည်။

အောက်ထပ်မှာ ဒယ်ဒီနဲ့သူစိမ်းလူသည် လုံးထွေးကာ ထိုးနေကြတာဖြစ်သည်။ သူတို့ကဘာတွေလဲ။

"အောဟော..ဒါလေးလား"

သူစိမ်းလူကြီးတစ်ယောက်က သူ့ကိုကြည့်ကာပြောသည်။ထိုလူသည် ဒယ်ဒီ့ရဲ့အပေါ်၌ တက်ကာ ခွထိုးနေသည်။ ဒီလိုကိုယ့်အိမ်ထဲမှာဖြစ်နေတာကို ဂျင်းဝူတို့ကဘာမှမလုပ်ကြဘူးလား။

"ဟက်! "

ထိုလူက ဒယ်ဒီ့ပေါ်မှခွာ၍ ခြောက်ကပ်ကပ်ရယ်ကာ သူ့အနားသို့ တိုးလာသည်။ ဒယ်ဒီသည်လဲ ထိုလူ့အားအနောက်ကနေ သေနတ်နှင့်ချိန်ထားသည်။ ဒါကရုပ်ရှင်ကားထဲကလို actionခန်းတွေလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက လက်တွေ့ဘ၀မှာတော့ တကယ်ဖြစ်နေခဲ့တာ။

𝓓 𝓐 𝓓 𝓓 𝓨 !  [Completed]Where stories live. Discover now