[Unicode]
မုန့်စားကျောင်းဆင်းသော် ဂျီမင်းနှင့်ကန်တင်း၌ မုန့်စားဖို့ထွက်လာခဲ့ဖြစ်သည်။ ကျောင်းကြီးက အထက်တန်းပိုက်ဆံရှိတဲ့သူတွေသာ တက်နိုင်သည့်ကျောင်းဖြစ်သည်ထင်သည်။ လူတိုင်းက ကျော့ရှင်းလှသောအ၀တ်အစားတို့နှင့်လေ။ သာမန်လက်လုပ်လက်စား မိဘတွေကတော့ ဒီလိုကျောင်းမျိုးထားနိုင်မည်မဟုတ်လောက်ဘူး။
"ငယ်ဘာလုပ်နေတာလဲ..''
"ဂျောင်ကုနဲ့မုန့်စားနေတာလေမောင်.."
ထိုင်ခုံတစ်ခုတွင် သူတို့နှစ်ယောက်ထိုင်ပြီး ဂျီမင်းက ရည်းစားဖြစ်သူနှင့်vcခေါ်နေလေသည်။
"ငါမုန့်တစ်ခုသွားမှာဦးမယ်ဂျီမင်း.."
"အေးအေးသွား.."
ကျောင်းမုန့်၀ယ်သောနေရာ၌ အထက်တန်းကျောင်းသားတို့က အတင်းတိုးဝှေ့နေကြတာ။လူတွေကလဲ တအားများသည်လေ။ထိုလူအုပ်ကြားထဲမှာ သေချာပါသည်။ သူ့ရဲ့ခန္ဓာသေးသေးလေးက မြုပ်လို့နေမှာ။
"အ့! "
"ခလွမ်! "
အရှေ့မှာ လူမရှိဘူးထင်ပြီးကျော်မို့လုပ်လိုက်ပေမဲ့ အမှတ်တမှတ်ရောက်လာသော လူကြောင့် ဗန်းလေးကအောက်သို့ပြုတ်ကျသွားလေသည်။ အလျင်အမြန် ကြောက်ကြောက်ရွံရွံနှင့် မုန့်တို့ကိုကောက်ထည့်လိုက်သည်။ ထိုလူက..
"ဘာလို့ကြောက်နေတာလဲ..အကိုမင်းကိုကိုက်မစားပါဘူး.."
"........."
တိုက်မိသည့် ထိုလူကို ဘာမှမပြောပဲမုန့်တို့ကိုသာ ကောက်ထည့်နေမိသည်။
"ဟိတ်..မင်းက၀င်လဲတိုက်သေးတယ်..မတောင်းပန်တော့ဘူးလား.."
ထိုစကားပြောတော့ ကျနော်မရဲတရဲမော့ကြည့်မိပါသည်။ ထိုလူက ကျနော့်ရဲ့စီနီယာဖြစ်လေသည်။ ကျောင်းယူနီဖောင်းမှာအတန်းတို့ရေးထားတယ်လေ။ ကျနော်အကြာကြီး ငှေးကြည့်နေတုန်း...
"မင်းက slince class( စွန့်အနားမကြား အတန်း) ကလား.."
"ဗျာ.."
ထိုအခါတော့ သူ့အသံလေးထွက်သွားမိပါသည်။ ဘာလို့စကားမပြောလဲဆိုရင် ဒယ်ဒီက ယောကျာ်းလေးတွေနဲ့စကားမပြောဖို့ မှာထားတယ်မဟုတ်လား။ သူ့မှာအသိရှိပါသည်။ သူဟာတာ၀န်ကိုပျက်ကွက်မည့်ဘသူတော့မလုပ်ချင်ပါ။ သို့သော် ဒီအခြေနေက သူမှားသည်ဖြစ်တာကြောင့် တောင်းပန်ရမယ်လေ..။