[Unicode]
"လာ..! "
ငိုနေသော သူ့ကိုဆောင့်အောင်ကာခေါ်သွားသော ဒယ်ဒီ။ အောက်မှာလဲကျနေသော ဟိုအကို့ကို ကျောင်းသားတွေကဝိုင်းထူပေးကြ၍ ကျန်နေခဲ့တော့သည်။
"တောက်စ်! "
"ဒယ်ဒီ.."
ပြန်၍မဖြေသော ဒယ်ဒီကြောင့်ပို၍ပင်ကြောက်လာရသည်။ မျက်ရည်တို့သည် တာကျိုးသလိုပါးပြင်ထက်သို့စီးကျလာသည်။ ဒီတစ်ခါလဲသူရဲ့အပြစ်ပဲလား။ တား၍မရသောမျက်ရည်တို့က ထပ်တလဲလဲစီးဆင်းကာ။
ဒယ်ဒီကားရပ်လိုက်သောနေရာသည် တခြားသောအိမ်တစ်ခုဖြစ်သည်။ အိမ်အကြီးကြီးနဲ့ သူ့လက်ကိုအတင်းဆွဲခေါ်ကာအိမ်ထဲသို့၀င်ခိုင်းသည်။ သို့သော်..
"ဒယ်ဒီဘာလုပ်တာလဲ..."
"ဂျလောက်! "
အိမ်တံခါးအားပြန်ပိတ်ပြီး ဒယ်ဒီကထွက်သွားသည်။ အိမ်ထဲမှာပိတ်ပြီးဘာလုပ်မို့လဲ။ သူတစ်ယောက်ထဲဒီအိမ်ထဲမှာ ဘာလုပ်ဖို့လဲ။ ဟင့်အင်း။အိပ်တာတောင် တစ်ယောက်ထဲမအိပ်ရဲတဲ့သူက။ဒီမှာမနေရဲဘူး။
ပြတင်းပေါက်လေးကနေ ဒယ်ဒီ့အားလှမ်း၍ငိုယိုပြီးတောင်းဆိုနေပေမဲ့..
"လူတွေနဲ့ အဝေးကြီးမှာတစ်ယောက်နေတတ်အောင် ဘေဘီကိုလေ့ကျင့်ပေးရမယ်.."
"ဒယ်ဒီ..ကျနော်မနေရဲဘူး.."
"နောက်ကျ နေသားကျသွားမှာဘေဘီရဲ့.."
ငိုနေသည့် သူ့ကိုဒယ်ဒီကဂရုမစိုက်ပဲ ဝှဲကျနေသည့် ဆံပင်တွေကိုနဖူးထပ်သပ်တင်ပေးသည်။ ဒယ်ဒီကပြုံးနေသည်။ဒယ်ဒီဘာဖြစ်နေတာလဲ။
"တကယ်တော့လေ..ဒယ်ဒီကမင်းကိုအခုလို ပိတ်လောင်ထားချင်တာ.."
"ဒယ်ဒီရူးးသွားပြီလား.."
"ဟုတ်တယ်ရူးသွားပြီ ဘေဘီကြောင့်ရူးသွားပြီ.."
"အီးးးဟီးးး ဒယ်ဒီရယ်တောင်းပန်ပါတယ်..ကျနော့်ကိုပြန်လွှတ်ပေးပါနော်.."
"ဟက်! ဘေဘီရယ်..ဒယ်ဒီ့ကိုအဲ့လို အသနားခံမျက်၀န်းတွေနဲ့ မတောင်းဆိုစမ်းနဲ့..ဒယ်ဒီမကြိုက်ဘူး.."
သူဘာမှမပြောမိပဲ ငိုသာငိုနေတော့သည်။တစ်ဖြည်းဖြည်းဆုတ်ခွာသွားသော ဒယ်ဒီခြေလှမ်းတို့။ မထွက်သွားခင် ဒယ်ဒီအပြုံးလေးကို မြင်လိုက်သေးသည်။အဲ့ဒီအပြုံးတွေက အပြုံးချိုချိုတော့မဟုတ်ခဲ့ဘူး။