[Unicode]
ဒယ်ဒီသည် ညစာစားပြီးသည်နှင့်ခရီးသွားဖို့ တန်း၍ပြင်ဆင်သည်။သူသည်လဲကားအမဲရောင်ကြီးပေါ်တွင်လိုက်ပါ၍ လေယာဉ်ကွင်းသို့။
ည(၉)နာရီ၀န်းကျင်ပဲရှိနေပြီဖြစ်သည်ကြောင့် ထမင်းလဲစားပြီးသော် အိပ်ချင်နေပြီဖြစ်သည်။ တဖြည်းဖြည်းငိုက်ငိုက်ကျလာသည့်ခေါင်းက ကားအကောင်းစားကြောင့်များလားမသိပေ။
ဒယ်ဒီကသူ့ရဲ့ခေါင်းလေးကိုကိုင်၍ လက်မောင်း၌မှီခိုင်းသည်။ဒယ်ဒီကိုပြန်ကြည့်လိုက်တော့ ဒယ်ဒီကခေါင်းငြိမ့်ပြလေသည်။အိပ်ဆိုသည့်သဘောပေါ့။ ဒယ်ဒီကိုအများကြီးအများကြီးသဘောကျလာရပါပြီ။
ကားရပ်လိုက်မှ အသိစိတ်တို့ဝင်ကာ ပြူးကြောင်ကြောင်လေးနှင့်သူ့အားပြန်ကြည့်လာသော ဘေဘီ။ လက်ကလေးနေဆွဲ၍ ကွင်းထဲသို့ခေါ်သွားဝောာ့။ ပတ်၀န်းကျင်ကိုကြည့်၍ ဘေဘီကအံ့ဩနေဟန်။
လေယာဉ်ကွင်းကအကျယ်ကြီးဖြစ်သည်။ တစ်ခါမှမရောက်ဖူးသော သူ့အတွက်တော့နေရာတိုင်းက ထူးဆန်းပုံပေါ်ပါသည်။ သို့သော် ထိုလေယာဉ်ကွင်းအကျယ်ကြီး၌ လူရယ်လို့တစ်ယောက်မှမရှိပေ။
"ဒယ်ဒီ..ဘာလို့တစ်ခြားလူတွေကကော မရှိတာလဲဟင်.."
"ဒါက ဒယ်ဒီတစ်ယောက်ထဲအပိုင်လေ..အစိုးရပိုင်မဟုတ်ဘူး.."
"ဗျာ.."
လက်လေးနှင့် အံ့ဩမူကြောင့် ဟသွားသည့်ပါးစပ်လေးကိုပိတ်လိုက်မိသည်။ ဒီလောက်အကျယ်ကြီးကို ဒယ်ဒီတစ်ယောက်ထဲပိုင်တာလား။ ဒယ်ဒီအဲ့လောက်ချမ်းသာမည်လို့တစ်ခါမှမတွေးခဲ့ဘူးပေ။
ထို့နောက် လှေကားထစ်လေးများဖြင့် လေယာဉ်ပေါ်သို့တက်ရပေသည်။ လေယာဉ်ကြီးရဲ့အတွင်းပိုင်းသည်လဲ အိမ်အတိုင်းပင်ဖြစ်နေရော။ဆိုဖာခုံများနှင့် T.Vများပါရှိလေသည်။ ဝိုင်ပုလင်းတွေဖြင့် အတွင်းပိုင်ပြင်ဆင်မူသည် အံ့မခန်းဖြစ်နေသည်။
"ဘေဘီအိပ်ချင်ရင် ဆက်အိပ်လေ.."
"ဟင့်အင်း..ဒယ်ဒီမအိပ်ချင်တော့ပါဘူး"
ဒီအပြင်အဆင်တွေကို လျှောက်ကြည့်နေရသည်နှင့် အိပ်ချိန်စိတ်တောင်ပျောက်လေပြီ။