[Unicode]
"မင်းဘာလုပ်တာလဲ!ဘေဘီ!"
သူ့ဆီကနေဖုန်းအား ဆွဲယူ၍ပစ်ပေါက်လိုက်သော ဘေဘီကြောင့် အလွန့်အံ့ဩသွားပေမဲ့ မသိစိတ်က ထိုသို့လုပ်ရဲသောသတ္တိကိုနှစ်သက်မိပြန်သည်။
လုပ်ပြီးမှ အူကြောင်ကြောင်ပုံစံလေးနှင့် မတ်တပ်ရပ်နေသောထိုကောင်လေး။ သူအနားသို့သွားကာ ပခုံးနှစ်ဘက်ကို လက်ဖြင့်ဆုပ်ကိုင်လိုက်တော့ သူ့ကိုအရည်လဲ့နေသော မျက်၀န်းတို့နှင့်မော့ကြည့်လာသည်။
သူအမှန်ပင်ရူးချင်သွားလေသလော။ တကယ်ဆို ဆူငေါက်ရမည်ကို။ လုပ်လဲလုပ်သေးသည်။ အခုကျတော့လဲငိုနေသည်တဲ့။
"ဘာလို့ ဖုန်းကိုခွဲလိုက်တာလဲ.."
သူမေးတော့ ခေါင်းကိုငုံ့သွားသည်။ အတော်ကြာအောင်ပင် အသံထွက်မလာခဲ့။
"ဒယ်ဒီမေးနေရင်ဖြေရမယ်ဆိုတာကို မသိဘူးလား.."
"ဟုတ်သိပါတယ်ဒယ်ဒီ.."
ထိုသို့ကြတော့ သေးငယ်သောအသံလေးဟာ ထွက်ပေါ်လို့လာခဲ့သည်။
"ဘာလို့ပစ်ပေါက်လိုက်တာလဲ.."
"ဟင့်! အဲ့ကောင်လေးနဲ့ စကားမပြောပါနဲ့"
ဘေဘီဟာလက်သေးသေးလေးတို့နှင့် မျက်နှာကိုအုပ်ရင်းသူ့ကိုအဖြေပြန်ပေးလေသည်။ ထိုစကားကြောင့် သူနှစ်နှစ်ခြိုက်ခြိုက်ပြုံးမိကာ ဘေဘီခုံးပေါ်၌ဆုပ်ကိုင်ထားသော လက်တို့ကိုလွှတ်၍ ဘေဘီကိုရင်ခွင်ထဲထည့်ကာ ဖက်ထားမိသည်။
အော်...ဘ၀တစ်လျှောက်လုံးမှာ တစ်ခါမှသ၀န်တိုတာမခံဖူးသောသူဟာ ယခုကဲ့သို့သ၀န်တိုတာခံရတော့လဲ ရှက်မိသလိုလို။ပျော်သလိုလိုဖြင့်။
ရင်ဘတ်နှင့်မျက်နှာအပ်နေသော ဘေဘီကိုခေါင်းလေးကနေပွတ်ပေးတော့ ထိုကောင်လေးကလဲ ငြိမ်နေရှာသည်။
"ပြန်အိပ်တော့..ဒယ်ဒီရုံးသွားမို့ ပြင်ဆင်တော့မယ်.."
ယောက်ျားဆန်စွာ ထွက်ပေါ်လာသောဒယ်ဒီ့စကားကြောင့် သူခေါင်းလေးငုံ့၍ထွက်သွားကာ အိပ်ရာပေါ်တက်ပြီး လှဲနေမိသည်။
"ဂျင်းဝူ!"
"ဗျာ..ဗျာ"
အခန်းရှေ့၌စောင့်နေသော ဂျင်းဝူသည် အခန်းထဲသို့ရောက်လာသည်။